လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, April 22, 2009

ဇတ်တူသား

သွေးခွဲလှည့်ကွက်
သိနေလျှက်နဲ့
ရန်သူအကြိုက်လိုက်
ရန်သူ့ခါးပိုက်ဝင်
ဇတ်တူသားစားတဲ့မင်း။

မက်လုံးမှာနစ်မြော
သူ့သဘောအတိုင်းလုပ်
သစ္စာတရားကင်းမဲ့
မိစ္ဆာပူးကပ်
ဇတ်တူသားစားရက်တယ်မင်း။

သွေးခွဲအုပ်ချုပ် မင်းလုပ်နေတဲ့
ဇတ်ခြားသတ္တ၀ါ တိုက်ထုတ်ဖို့ရာ
အများသူငါ ကြိုးစားချိန်မှာ
အချင်းချင်းစစ်ခင်း
ဇတ်တူသားစားတဲ့မင်း။

ဘ၀တချိုးတကွေ့
ရန်သူပစ်ခွါတဲ့နေ့မှာ
ဇတ်သူသားစားတဲ့မင်း
ရှင်းရှင်းပြောရင်
ပြေးစရာမြေမရှိတော့ပြီ။


မှတ်ချက်။ ။ ဒီကဗျာလည်း သစ္စဖောက် ရန်သူနဲ့ပေါင်း ကိုယ်ကြိုးရှာ လူတစုအတွက်လက်ဆောင်။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP