လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Tuesday, April 28, 2009

အတိတ်ပုံရိပ်

ဟိုးအရင် ICFC ဘ၀ရယ်က
(အိုကွယ်) ၀ိုင်းဖွဲ့ကြ တခါတရံမှာဖြင့်
စပါးနှံကို အခြွေအသင်းပြုပါလို့
‘ယာဆင်း’ ကိုတဲ့အမည်ခေါ်
ရွှင်ပျော်ပျော် ဘော်ဒါတသိုက်ရယ်နှင့်
ဒီမောင်မှာ အကြိုက်တွေ့ခဲ့သည်လေ။

တခါတလေပါတီပွဲမှာလေ
စားစရာတပုံတပင်တွေနဲ့
သောက်စရာတွေက ရမယ်စုံ
ပုလွေတရာ၊ နှစ်ချို့ဝိုင်များရယ်နဲ့
ဆင်၊ ခြသေ့င်္ ဘီယာအစုံညီတွဲပါလို့
ဒီမောင်မှာ အပီဆွဲခဲ့သည်လေ။

တလတခါ Outing ထွက်ရင်ပ
အ၀စား မူကထ ဆိုင်ရယ်နှင့်
သဲသောင်ပြင်ဈေးစုံတဲ့ lake မှာဖြင့်
ယစ်ရွှေရည် အတူတူသုံးဆောင်ခဲ့ပါပေါ့
ဦးမော့ကာ အဆူဆူကခုံမြူးပျော်လို့
ဒီမောင်မှာ မူးမော်ခဲ့သည်လေ။

အခုတော့ Uni ဘ၀မှာဖြင့်
ဝေးကွာရ တမြေတနေရာဝယ်
ရက်ရှည်ကြာ မတွေ့ဆုံကြပြန်တော့
အဆွေဟောင်းရဲ့ အတိတ်ပုံရိပ်တွေက
တွေးစိတ်မပြေ ယောင်ပြန်နှောပါလို့
ဒီမောင်မှာ လွမ်းမောရသည်လေး။

ခက်ဆစ်ဝေါဟာရ
စပါးနှံ - ထိုင်းနိုင်ငံထုတ် စပါးနှံတံဆိပ် ဈေးအနိမ့်ဆုံးအရက်တမျိုး။
ယာဆင်း - အပေါစားဆေးလိပ်သောက်ဆေးတမျိုး။
ပုလွေတရာ - Hundred Pipers အရက်

Composer - မင်းသစ္စာ

2 comments:

United Little Hands May 2, 2009 at 8:52 AM  

Arms-

This is a very beautiful poem. it reflects lot of happiness lifestyle in ICFC-5....Sadly but truly it neglects academic lifestyle there :-)

Good Job, Thitsar Min

မဆုမွန် May 6, 2009 at 3:40 AM  

တို့တွေလဲ ဂျေစကူးကို သတိရသွားတယ်ဟာ ကဗျာလေးက ကောင်းလိုက်တာ...အရင်လိုအပူအပင်မရှိတဲ့ ပျော်ရွှင်စရာ ကျောင်းသားဘ၀တွေကို သတိရတယ်...

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP