လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, April 22, 2009

သစ္စာဖောက်

သေနတ်ကို ဖခုံးပေါ်ထန်းလျှက်
သံဒိဌာန်ငါးပါး မင်းရွတ်ဆိုခဲ့
တော်လှန်ရေးအပေါ် သစ္စာမဖောက်
အမျိုးသားကို မင်းစောင့်ရှောက်မယ်တဲ့။

အခုတော့ ရန်သူရှေ့ဒူးထောက်
တော်လှန်ရေးအပေါ်သစ္စာဖောက်
အမျိုးသားသမိုင်း ညှိုးနွမ်းအောင်
မင်းစွမ်းဆောင်တော့မယ်ဟုတ်လား။

ရှေးလူပြောတာ မင်းကြားဘူးလား
အသားထဲက လောက်ထွက်
ပုဆိန်ရိုးဆိုတဲ့ အမျိုးပျက်
မင်းကိုယ်မင်းသမိုင်းတွင်ရက်တယ်ဆိုလျှင်။

မှတ်ချက်။ ။သစ္စာဖောက် ရန်သူနဲ့ပေါင်း ကိုယ်ကျိုးစီးပွါးရှာ တော်လှန်ရေးကြီးကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်များအတွက် ဤကဗျာရေးထားခြင်းဖြစ်သည်။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP