လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, April 29, 2009

သူငယ်ချင်းများဆီသို့

သူငယ်ချင်းတို့ရာ
အရင်းရှင်စနစ်က Competition
ဘာသာတရားက ခွင့်လွတ်ခြင်းတဲ့။

ဘာသာတရား မြင့်မြတ်ချင်ရင်
အတ္တကင်းကင်းနဲ့ လောဘရှင်းပါတဲ့။

Competition အောင်မြင်ချင်ရင်
ခွင့်လွှတ်ခြင်းကင်းကင်းနဲ့
ရည်မှန်းချက်အတွက် ဘ၀နဲ့ရင်းပါတဲ့။

သူငယ်ချင်းတို့ရာ
ငါသင်ကြားနေတာ လောကတရား
ငါခံစားနေတာက ချစ်ခြင်းတွေပါ။

ချစ်ခြင်းဟာ ပူလားအေးလား
ငါ့နှလုံးသားမှာ ဖွေရှာရင်း။

သဘောတရားတွေ
P တစုံနဲ့ E တလုံးမှာ လေ့လာရင်း။

Competition၊ ခွင့်လွှတ်ခြင်းနဲ့
အချစ်သီချင်းတွေကြားမှာ ရုံးကန်ရင်း။

မနက် Coffee ညနေ Whisky နဲ့
Philosophy ဆိုတာကြီးကို တွေ့ပြီ
အဝေးရောက်သူငယ်ချင်းတို့ရာ။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP