လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Friday, April 17, 2009

အလိုမရှိ

မြို့ပြရဲ့မီးရောင်တွေလှတာကြည့်ရင်း
လတစင်းကိုငါမေ့ခဲ့တယ်။
လကွယ်တမဆန်း
လဆမ်းလဲငါမသိ၊
စိတ်ရှိတိုင်းဆိုလျှင်
လကိုငါအလိုမရှိ။

မနက်ထအလုပ်ဆင်း
ညနေခင်းအလုပ်ပြန်၊
ဒီလိုပုန်မှန်အလုပ်ရှုပ်ရင်းနေမင်းကိုငါမေ့ခဲ့တယ်။

လောကစည်းစိမ်ကိုဖျက်
ဦးနှောက်ရှိတိုင်းဖောက်ပြန်၊
ပေါက်ကရကြံကြည့်
အခန်းပြည့်လျှောက်အန်
ဗျောင်းဆန်အောင်မူးရင်း
ဘ၀ကိုငါမေ့ခဲ့တယ်။

ပိုက်ဆန်မရှိတာမဆန်း
သိက္ခာတွေငါမလွမ်း
သွားစမ်း ---------------
အတ္တတစ်ခွက်ထပ်ချပြီးကြိမ်ဆဲ
ကိုယ့်ဖာသာအော်ဆဲမိသည်။
ငါ့ကိုယ်ငါလဲအလိုမရှိ။

Composer ။ ။မောင်ဗမာ


0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP