လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, April 1, 2009

နိုင်ငံတကာငွေကြေးစနစ်သစ်လော?

၂၆ ရက်နေ့ထုတ် အွန်လိုင်းအီကိုနောမစ်မဂ္ဂဇင်းမှာ The dollar as a reserve currency - Handle with care ဆိုတဲ့ သတင်းဆောင်းပါးတပုဒ် ဖက်ရပါတယ်။ အဲဒီဆောင်းပါးမှာ အဓိက ရေးသားဖေါ်ပြထားတာကတော့ နိုင်ငံအများစု လက်တလောရင်ဆိုင်နေရတဲ့ နိုင်ငံတကာစီးပွါးရေးကျဆင်းမှုပြဿနာနဲ့ နိုင်ငံတကာငွေကြေးစနစ်အကြောင်း ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာကို (Reserve Currency) လို့ခေါ်တဲ့ အာမခံငွေကြေး (နိုင်ငံတကာကုန်သွယ်ရေးနှင့် ပြန်တွင်းငွေကြေးဖြန့်ချီရာတွင် တန်ဖိုးအာမခံငွေကြေးအဖြစ် သိုလိုထားသောငွေ) အဖြစ် သတ်မှတ်အသုံးပြုပါတယ်။ အရင်ကဘာပြဿနာမှ မရှိခဲ့ပေမယ့် ယခုလို အမေရိကန်နိုင်ငံက စီးပွါးရေးကျဆင်းမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ အမေရိကန်ဒေါ်လာကို သိုလှောင်ထားတဲ့ တိုင်းပြည်များအနေနဲ့ စိုးရိမ်စရာများနှင့် ရင်ဆိုင်နေရပါတယ်။ အမေရိကန်ဟာ လက်တလောရင်ဆိုင်နေရတဲ့စီးပွါးပြဿနာ ဖြေရှင်းရေးအစီအစဉ်တရပ်အနေနဲ့ (Expensionary Monetary Policy) ဒေါ်လာပမာဏ မြှင့်တင်ရေး မူဝါဒကျင့်သုံးပါတယ်။ ယင်းစီးပွါးရေးမူဝါဒဟာ အမေရိကန်ပြည်တွင်း စီးပွါးရေးအတွက် ပြဿနာမရှိသော်လည်း အမေရိကန်ဒေါ်လာကို သိုလှောင်ထားသော တိုင်းပြည်အတွက်မူ ဒေါ်လာတန်ဖန်းကျဆင်းမှုအတွက် စိုးရိမ်စရာဖြစ်လာပါသည်။ ဒါကြောင့် နိုင်ငံတကာ ပို့ကုန်/သွင်းကုန်စာရင်း (Balance of Payment Acount) မှာ (Surplus) အ၀င်ပြတဲ့ တရုတ်လို တိုင်းပြည်တွေအနေနဲ့ ဒေါ်လာအစား တခြားငွေကြေးတမျိုးကို ပြောင်းလဲအသုံးပြုဖြင့် နိုင်ငံတကာငွေကြေးစနစ်ကို ပြောင်းလဲရန် အဆိုပြုလာကြသည်။ ၄င်းတို့အဆိုပြုတဲ့ နိုင်ငံတကာငွေကြေးစနစ်သစ်မှာ အသုံးပြုမည့် ငွေကြေးဟာ (Special Drawing Right - SDR) လို့ခေါ်တဲ့ ငွေကြေးဖြစ်ပါတယ်။ သို့ဖြစ်၍ SDR နှင့်တကွ နိုင်ငံတကာငွေကြေးစနစ် ပြောင်းလဲဖြစ်ပေါ်လာပုံ အကျင်းခြုံးကို ဤဆောင်းပါးမှာ ဆက်လက်တင်ပြပါမည်။

ကမ္ဘာ့ငွေကြေးစနစ်နောက်ခံသမိုင်း

ကမ္ဘာ့ငွေကြေးစနစ်ဆိုတာ နိုင်ငံတကာကုန်သွယ်ရေးမှာ တိုင်းပြည်တခုနှင့်တခုတို့အကြား ငွေကြေးတန်ဖိုး သတ်မှတ်ပြဌာန်းတဲ့ ကမ္ဘာ့ငွေကြေးရံပုံငွေ (IMF) တို့လို စီးပွားရေးအဆောက်အအုံ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ငွေကြေးတန်ဖိုးသတ်မှတ်ပြဌာန်းရာမှာ ယျေဘူယျအားဖြင့် ကမ္ဘာ့ငွေကြေးစနစ်ကို ရွေအာမခံစနစ် (Gold-Standard)၊ ဘရစ်တွန်ဝူ့စနစ်(Britton Woods System) နှင့် ဘရစ်တွန်ဝူ့အလွန်စနစ်(Post-Britton Woods System) ဆိုပြီး ၃ ပိုင်း ပိုင်းခြားသတ်မှတ်နိုင်သည်။

၁၉၇၀ ကာလခန့်မှာ နိုင်ငံကြီးများဟာ ၄င်းတို့အကြား ငွေကြေးလဲလှယ်ရာမှာ ငွေလဲနှုန်းကို ကုန်စည်တခုခု၏ တန်ဖိုးအပေါ် အခြေခံပြီး သတ်မှတ်သည်။ ဥပမာ - ဗမာပြည်တွင်းမှာ ပေါင်မုန့်တလုံးကို ၄၀ ကျပ်နှင့် ထိုင်းပြည်တွင်းမှာ ၈ ဘတ်ပေးပြီး ၀ယ်နိုင်လျှင် ထိုင်း-ဗမာငွေလဲနှုန်းမှာ ၄၀ကျပ်/၈ဘတ် (သို့) ၅ကျပ်/၁ဘတ် ဖြစ်ပါတယ်။ ဤစနစ်ဟာ ယနေ့လူသိများတဲ့ (Purchasing Power Parity - PPP) လို့ခေါ်တဲ့ ၀ယ်နိုင်မှုအားဖြစ် ငွေကြေးတန်ဖိုးသတ်မှတ်ခြင်း နှင့်ဆင်တူပါသည်။ ဒီလိုနဲ့နောက်ပိုင်းမှာ ရွှေကို အဓိကကုန်စည်အဖြစ် သတ်မှတ်လာကြပြီး ၁၉၇၀ မှ ၁၉၁၄ အကြားကာလကို ရွေပေါင်အာမခံစနစ် (Gold-Standard) အဖြစ်သတ်မှတ်သည်။ ဤစနစ်မှာ တိုင်ပြည်အများစုဟာ ၄င်းတို့၏ငွေကြေးနှုန်းထားကို ရွှေနှင့်တန်ဖိုးသတ်မှတ်သည်။ ဥပမာ- ဗမာပြည်မှာ ရွှေတကျပ်သားကို ၁၀ ၀၀၀ ကျပ်ဖြစ် နိုင်ငံတော်မှ ပြဌာန်းပြီး အမေရိကန်မှ ၂၀၀ ဒေါ်လာဖြင့် အသေ(fixed) သတ်မှတ်လျှင် နှစ်နိုင်ငံအကြာ ငွေလဲနှုန်းဟာ ၁၀၀၀၀ ကျပ်/၂၀၀ ဒေါ်လာ (သို့) ၅၀၀ကျပ်/၁ ဒေါ်လာဖြစ်သည်။ ဤစနစ်အောက်မှာ ငွေကြေးထုတ်လုပ်တဲ့ ပမာဏထိန်းနိုင်ရန် မိမိတို့ထုပ်မည့်ငွေကြေးပမာဏတန်ဖိုးအလိုက် ရွှေပေါင်ခြင်းဖြင့် သိုလှောင်ထားရပါသည်။ သို့မှသာ မိမိတို့ငွေကြေးကို နိုင်ငံတကာမှ စိတ်ချယုံကြည်နိုင်မည်ဖြစ်သည်။

၁၉၁၄ ပထမကမ္ဘာစစ်ကြီးစတင်တဲ့အချိန်မှ ဥရောပနိုင်ငံအတော်များများဟာ ရွှေအာမခံငွေလဲစနစ်ကို စွန့်ခွါကြပြီး စစ်ကြီးအတွင်းနှင့် စစ်ပွဲအလွန်ကာလများတွင် ငွေကြေးမတည်ငြိမ်သည့် ပြဿနာများ နိုင်ငံအတော်များများတွင် ရင်ဆိုင်ကြရသည်။ စစ်ကြီးပြီးနောက် ဂျာမနီမှစစ်လျှော်ကြေးပေးရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတကာပြဿနာဖြေရှင်းရေးဘဏ် (Bank for International Settlement) ကိုဖွဲ့စည်းခဲ့ကြသည်။ ဗာဆိုင်းစာချုပ်ချုပ်ဆိုအပြီး ၁၉၁၉ ကာလနောက်ပိုင်း ငွေကြေးမတည်ငြိမ်ခြင်း များကြောင့် ဥရောပနိုင်ငံများ ရွှေပေါင်အာမခံစနစ် ပြန်လည်အသုံးပြုလိုလာကြပြီး ဗြိတိန်နှင့် ပြင်သစ်တို့ဟာ ယင်းစနစ်ဟောင်းကို တရားဝင်ပြဌာန်းအသုံးပြုလာကြသည်။ သို့သော် ၁၉၃၀ စီးပွါးရေးကပ်(the Great Depression) နောက်ပိုင်းတွင် ရွှေပေါင်အာမခံစနစ်ကို အပြီးပိုင် စွန့်လွှတ်လိုက်ကြသည်။

ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုမှ ခေါင်းဆောင်များဟာ နိုင်ငံတကာကုန်သွယ်ရေး အထောက်အပံဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘရစ်တွန်ဝူ့( Britton Woods) လို့ခေါ်တဲ့ New Hampshere ရှိတည်းခိုခန်းတခုမှာ ကမ္ဘာ့ငွေကြေးစနစ်တခု ပြဌာန်းရန် ၁၉၄၄ မှာဆွေးနွေးကြသည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲသဘောတူညီချက်ကို ဘရစ်တွန်ဝူ့သဘောတူချက်ဟု ခေါ်လာကြသည်။ ဘရစ်တွန်ဝူ့သဘောတူချက်အရ နိုင်ငံအသီးသီးမှ ၄င်းတို့၏ ငွေကြေးတန်ဖိုးကို တခြားငွေကြေးတခုခုနှင့် (fixed) အသေတန်ဖိုးသတ်မှတ်ပြီး ငွေလဲလှယ်မှုနှုန်းကို ကျင့်သုံးသွားရန်ဖြစ်သည်။ ဘရစ်တွန်ဝူ့စနစ်အရ အမေရိကန်ဟာ သူရဲ့ဒေါ်လာကို ရွှေပေါင်တင်ထားမည်၊ တခြားနိုင်ငံများက ၄င်းတို့၏ငွေကို ဒေါ်လာဖြင့် (fixed) တန်ဖိုးသတ်မှတ်မည်၊ ဒါကြောင့် တခြားငွေကြေးများလည်း ရွှေနှင့် သွက်ဝိုက်ဆက်စပ်နေသည်ဟု ဆိုနိုင်ပေသည်။ ဒါ့ကြောင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်ကို အဓိကငွေကြေးတဖြစ် အသုံးပြုကြမည်ဖြစ်ပြီး တခြားနိုင်ငံတခုခုမှ ၄င်းရဲ့ငွေလဲနှုန်းကို ပြင်လိုပါက (IMF) ၏ဘောတူချက်ကို ရယူရမည်ဖြစ်သည်။

အမေရိကန်အနေဖြင့် နိုင်ငံတည်း ရွှေပေါင်ခံထားရမည့် ဘရစ်တွန်ဝူ့စနစ်ကျင့်သုံးရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရပါသည်။ ရွှေပမာဏ အကန့်အသတ်ကြောင့် ဒေါ်လာအများအပြား ကိုင်ဆောင်သော နိုင်ငံတခုခုမှာ ရွှေဖြင့်လဲရာတွင် အမေရိကန်အနေဖြင့် ရွှေပမာဏ အကန့်အသတ်ပြဿနာနှင့် မကြာခဏရင်ဆိုင်ရသည်။ ထို့ကြောင့် ၁၉၇၀ စီးပွါးကျဆင်းမှုပြဿနာနောက်ပိုင်းတိုင် အမေရိကန်က ဘရစ်တွန်ဝူ့စနစ်ကို အပြီးအပိုင် စွန့်လွှတ်ကြောင်း ကြေငြာလိုက်သည်။ ထို့အချိန်မှစပြီး ကမ္ဘာ့ငွေကြေးစနစ်မှာ (Floating Market System) ငွေလဲနှုန်းကို ဈေးကွက်မှတန်ဖိုးချမှတ်စနစ်ကို စတင်ကျင့်သုံးလာကြသည်။ ယင်းစနစ်မှာ နိုင်ငံတကာငွေလဲနှုန်းကို နိုင်ငံတကာငွေကြေဈေးကွက်မှ ၀ယ်လိုအားနှင့် ရောင်းလိုအားတို့အလိုက် ဈေးကွက်မှ အလိုအလျှောက် ပေါ်လာမည်ဖြစ်သည်။


မှတ်ချက်။ ။SDR နှင့်ပက်သက်၍ ဆက်လက်ဖေါ်ပြပါမည်။

0 comments:

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP