လာလည်သူ အားလုံးကို ဒီနေရာမှ ကြိုဆို ကျေးဇူးတင်ရှိပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်လန်းဆန်းနိုင်ကြပါစေ။

Wednesday, April 22, 2009

သစ္စာဖောက်

သေနတ်ကို ဖခုံးပေါ်ထန်းလျှက်
သံဒိဌာန်ငါးပါး မင်းရွတ်ဆိုခဲ့
တော်လှန်ရေးအပေါ် သစ္စာမဖောက်
အမျိုးသားကို မင်းစောင့်ရှောက်မယ်တဲ့။

အခုတော့ ရန်သူရှေ့ဒူးထောက်
တော်လှန်ရေးအပေါ်သစ္စာဖောက်
အမျိုးသားသမိုင်း ညှိုးနွမ်းအောင်
မင်းစွမ်းဆောင်တော့မယ်ဟုတ်လား။

ရှေးလူပြောတာ မင်းကြားဘူးလား
အသားထဲက လောက်ထွက်
ပုဆိန်ရိုးဆိုတဲ့ အမျိုးပျက်
မင်းကိုယ်မင်းသမိုင်းတွင်ရက်တယ်ဆိုလျှင်။

မှတ်ချက်။ ။သစ္စာဖောက် ရန်သူနဲ့ပေါင်း ကိုယ်ကျိုးစီးပွါးရှာ တော်လှန်ရေးကြီးကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်များအတွက် ဤကဗျာရေးထားခြင်းဖြစ်သည်။

အပြည့်အစုံသို့

Miss You Guys

We all are here as a core
To reach all of our goals
To meet all of our aims
We all have to be trained

As life is not a bed of roses
We all had to be toasted
Most of the time we enjoy and bite
We can call the group that icfc five

As we gave our breathe and sweat
We struggled as much as we had
I believe we all are fine
As much as the way we try

The end of the day in 2005
Sitting GED in a fright
Even though we were fear
After exam, it all disappeared

Never never forget the days
The time we spent on icfc way
To honor and appreciate 24 of us
Lets us unite is a must

Composer - HC.

အပြည့်အစုံသို့

I Am Homesick

Days and night pass,
Months and years pass.
But I am still right here,
Away from the place that I call ‘Home’…

In the midst of crowded and noisy Manila city,
I’m struggling with a life,
A student life that is like a robot,
A routinely day and duty,
My day starts when I wake up and go to class,
And ends when I come back to my empty room,
Where no one waiting,
No one preparing for my dinner,
And no one comforting me with sweet words,
Which I most want to hear now,
“Oh, Daughter, you are back…”
With tiredness and hunger,
I cook instant noodles,
And refill my energy to live for another day,
Bring with me, a load of assignments
Working restlessly and endlessly all night,
A glimpse of sleep for 4 to 5 hours,
And a new day begins again…
In the midst of strange places and peoples,
I cannot find a place to be called ‘Home’,
A place that I can rest my anxious heart,
That I can lay my burden for awhile,

Oh, I am so homesick
I just want to escape from the pretending world,
And run back to the place that I belong to
To my old mother and father
Who are waiting for me
I remember my mom’s words,
When I tell her I want to come home,
“Daughter, why you want to come back
To your old and poor house,
Where you don’t have anything,
Out there you have everything,
And brighter future…”
But no place is like ‘Home’ in the world,
Where I can find,
Love and understanding,
Comfort and the feeling of secure.
How much I long to go home,
But still, still…I just can’t go home…
By Kanyamaw

( Note: This poem is dedicated to the students who are studying in other countries, far away from their family and who are feeling homesick like what I am exactly feeling now.)

အပြည့်အစုံသို့

Tuesday, April 21, 2009

သူငယ်ချင်းသို့

လမ်းမြိုင်ပင်ကြားက ဘောလုံးကွင်း
ခြံကျဉ်းလေးထဲက အဆောင်တွေ
မီးဖိုချောင်ရှေ့က ကြက်တောင်ကွင်း
အခုတော့ ငါ့မြင်ကွင်းမှာ ၀ိုးတ၀ါးနဲ့။

အခန်းကျင်းထဲက နှစ်ထပ်ကုတင်
စာအုပ်စင်နဲ့ ဆေးလိပ်ခွက်ကြား
သူငယ်ချင်းတွေနဲး ဝေးလေးဝါးလား
အခုတော့တွေးရင်း ဟာတာတာနဲ့။

ဘ၀တကွေ့မှာ မမျှော်လင့်
ဆုံခဲ့ကြတဲ့ သူငယ်ချင်း
တရိပ်ရိပ်မြင်ယောင်ရင်း
မင်းတို့ကိုငါသတိရနေမယ်။

မှတ်ချက်။ ။သောကြာနေ့ရောက်ရင်ပိုသတိရသည်။

အပြည့်အစုံသို့

Monday, April 20, 2009

အာဆီယံ ၂၀၁၅ နှင့် ၀ရုံးသုံးကားပြည်ဗမာ

ထိုင်းနိုင်ငံမှာ ၂-လ-ပိုင်းအကုန်လောက်က ကျင်းပခဲ့တဲ့ ၁၄-ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံကုန်သွယ်ရေးဝန်ကြီးများမှ ဒေသတွင်းနိုင်ငံများ ပူးပေါင်းရေးဖြစ်စဉ် (Regional Integration) တိုးမြှင့်သွားရေး ခြေလှမ်းတရပ်အနေဖြင့် ၂၀၁၅-ခုနှစ်မှာ ဥရောပသမဂ္ဂ စတိုင် ဘုံဈေးကွက်ကို ဖွင့်လှစ်ရန် တင်ပြခဲ့ပြီး ယင်းဘုံဈေးကွက်ပေါ်ပေါက်ရေးကို အထောက်အကူဖြစ်စေမည့် အာဆီယံကုန်သွယ်ရေး သဘောတူချက်(ATIGA) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု သဘောတူချက် (ACIA) တို့လို စာချုပ်တွေကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။ ယင်းကဲ့သို့ ၂၀၁၅-ခုနှစ် နောက်ဆုံးထားပြီး ဥရောပလို စီးပွါးရေးဇုံ ဖွင့်လှစ်ရန် ကြေငြာချက် ထွက်လာသည်နှင့်တပြိုင်နက် ထိုင်း၊ ဗီယက်နမ်၊ လေးရှားနှင့် စကာင်္ပူတို့လို နိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွါးရေးသမားများနှင့် ပညာရှင်များဟာ ၂၀၀၅-အာဆီယံ ဘုံဈေးကွက်တွင် ၄င်းတို့နိုင်ငံအနေနဲ့ ပေါ်လာမည့်အခွင့်အလမ်းများကို အကျိုးအမြတ်ရှိရှိ အသုံးချနိုင်ရန်နှင့် ကျရောက်လာမည့် အန္တာရာယ်များကို ရှောင်ရှားနိုင်ရန် အသီးသီး ပြင်ဆင်နေကြပြီးဖြစ်သည်။ မိမိတို့ ဗမာပြည်အနေဖြင့် ဘာပြင်ဆင်ချက်များ လုပ်နေပြီးလဲ?

ဒေသတွင်း ကိုးကွယ်သည့်ဘာသာ ကွဲပြားခြင်း (ခရစ်ယျာန် ဗုဒ္ဓဘာသာ နှင့်မွတ်စလင်ဘာသာဝင်)၊ သမိုင်ကြောင်း မတူညီခြင်း (ခြားနားသောနိုင်ငံကြီးတို့ရဲ့ ကိုလိုနီ)၊ ယဉ်ကျေးမှုမတူညီခြင်းနှင့် နိုင်ငံရေးစနစ်ကွဲပြားနေခြင်း (ဒီမိုကရေစီ၊ စစ်အာဏာရှင်၊ ဘုရင်စနစ်၊ ကွန်မြူနစ်) စသည့် နောက်ခံ အခြေအနေတို့ကြောင့် အာဆီယံဟာ အီယူ့ကဲ့သို့ ဘုံဈေးကွက်ဖေါ်ဆောင်ခြင်းဟာ မအောင်မြင်နိုင်ဟု ဝေဖန်သူတို့က စောဒကတတ်ကြသည်။ သို့သော် အာဆီယံရဲ့ ၂၀၁၅ ဘုံဈေးကွက်ဖေါ်ဆောင်ရေးသည် နိုင်ငံရေးအရပေါင်းစည်းခြင်း (Political Integration) မဟုတ်ဘဲ စီးပွါးရေးအရပေါင်းစည်းခြင်း (Economic Integration) သာဖြစ်သဖြင့် အထက်ပါ ကွဲပြားချက်များဟာ ကြီးမားသည့် အတားအစီး မဖြစ်နိုင်ဟု သုံးသပ်မိပါသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွါးအပေါ် အာရုံစိုက်လွန်းခြင်း တရုတ်နဲ့ အန္ဒိယလို နိုင်ငံကြီးတွေမှာ နိုင်ငံတကာရင်းနှီးမြှုနှံမှု (FDI) တိုးလာသည်ကို မလိုလားခြင်း စတဲ့အခြေအနေတွေဟာလည်း အာဆီယံရဲ့ ဘုံဈေးကွက် ဖေါ်ဆောင်ရေးကို တွန်းအားတခုလို ဖြစ်စေပါသည်။ မည်သို့ဆိုစေ ၂၀၁၅-အာဆီယံဟာ ကြီးမားသော အလှည့်အပြောင်းတခုအဖြစ် မိမိတို့တိုင်းပြည်အပေါ် ရိုက်ခတ်လာမည် ဖြစ်သဖြင့် နိုင်ငံတော်မှာသော်၎င်း၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစုမှသော်၎င်း၊ တိုင်းရင်းသား အဖွဲ့အစည်းများမှာသော်၎င်း ၂၀၁၅ မှာဖြစ်ပေါ်လာမည့် အခြေအနေတွေကို ခန့်မှန်းတွက်ဆပြီး လိုအပ်သလို ပြင်ဆင်မှုများ လုပ်ထားနိုင်မှသာလျှင် ယနေ့ခေတ် ဂလိုဘယ်လို့ခေါ်တဲ့ ကမ္ဘာ့အခင့်အကျင်းသစ်မှာ ဆက်လက် ရပ်တည်နိုင်မည်ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသားပြီး နောက်ပိုင်းမှစပြီး အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုံ(AFTA)၊ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (NAFTA)၊ ဥရောပသမဂ္ဂ (EU) စသဖြင့် ဒေသအလိုက် ဆိုင်ရာနိုင်ငံများမှ စီးပွါးရေးပေါင်းစည်းမှုများ တိုးတတ်လာကြသည်။ ယင်းကဲ့သို့ ဒေသတွင်းနိုင်ငံများ ပူးပေါင်းလာခြင်းကို တွန်းအားပေးနေသော အကြောင်းအရင်းများမှာ နိုင်ငံတော်များမှ ကွန်မြူနစ်စနစ်ပြိုကွဲသွားပြီးနောက်ပိုင်း နိုင်ငံရေးအတွေးခေါ် (Ideology) အပေါ် အာရုံစိုက်မှုနည်းပါးလာခြင်း၊ အမေရိကန်ပြည်ထောင်စု စူပါပါဝါဖြစ်လာခြင်း (၀ါ) အာဏာလက်ဝါးကြီးအုပ်စိုးလာမှုကို ထိန်းချုပ်လိုခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းကြီးတွေအပေါ် ယုံကြည်မှုနည်းပါးလားခြင်း၊ အမျိုးသားအကျိုးစည်းပွါးအပေါ် ပိုမိုအာရုံစိုက်လာခြင်းနှင့် တခါးပိတ်စီးပွါးရေးစနစ် ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ပေသည်။ သဘောတရားအားဖြင့် ဒေသဆိုင်ရာ ပေါင်းစီးခြင်းဖြစ်စဉ် (Regional Integration Process) တွင် လွတ်လပ်သော ကုန်သွယ်ရေးဇုံ (Free trade area)၊ တူညီသော အခွန်ဆောင်မှုစနစ် (Custom Union)၊ ဘုံဈေးကွက် (Common Market)၊ စီးပွါးရေးသမဂ္ဂ (Economic Union) နှင့် နိုင်ငံရေး(Political Union) အဆင့် (၅) ဆင့်ရှိသည်ဖြစ်ရာ ဥရောပသမဂ္ဂဆိုလျှင် ယူရိုဘုံငွေကြေးကိုပင် ချမှတ်သုံးဆွဲနိုင်ပြီး ဖြစ်သဖြင့် ဖြစ်စဉ်ရဲ့ အဆင့် ၄ သို့ပင်ရောက်ရှိနေပြီးဟု ဆိုရမည်ဖြစ်သည်။ အမှန်အားဖြင့် အထက်ဖေါ်ပြပါ တချို့ နိုင်ငံများပေါင်းစည်းအဖွဲ့များသည် ဘုံကာကွယ်ရေးစနစ် (Common Defense System) ကိုပင် စဉ်းစားဆွေးနွေးလာကြပြီး ဖြစ်သည်။ ဤကား လက်တလော မိမိတို့ဖြတ်သန်းနေရတဲ့ နိုင်ငံတကာ အခင်းအကျင်းရဲ့ ၀ိသေတလက္ခဏာများပင် ဖြစ်တော့သည်။

အာဆီယံရဲ့ အနာဂတ်ဖြစ်ပေါ်တိုးတတ်မှု ခန့်မှန်းတွက်ဆနိုင်ရန် လေ့လာသုံးသပ်ရာမှာ အာဆီယံနိုင်ငံအများဟာ နိုင်ငံရေးထက် စီးပွါးရေးတွင် အာရုံစိုက်လွန်းပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကို စိတ်ဝင်စားလေ့ မရှိပေ။ တောက်ရှောက် ကျင့်သုံးလာတဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေး ၀င်ရောက်မစွတ်ဖက်ရေးမူဝါဒ ဒါမှဟုတ် အပြုသောဆောင် ဆက်ဆံရေးမူဝါဒ (Constructive Engagement Policy) ဟာ အထက်ပါအချက်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြနေပါတယ်။ ဒါ့အပြင် အရှေ့နှင့် အနောက်အုပ်စု အင်အားပြိုင်နေတဲ့ စစ်အေးကာလတလျှောက်မှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်း လက်ရှိ နိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များမှာ နိုင်ငံရေး အယူအဆ သဘောတရားအပေါ် အာရုံမစိုက်ခြင်း (Ideologically Neutral) စသည့် အာဆီယံရဲ့ ထူးခြားတဲ့ လက္ခဏာများကို တွေ့ရပေသည်။ ဥပမာတခုအနေဖြင့် ထိုင်းနိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပါ။ လက်ရှိအာဏာရထားတဲ့ ဒီမိုကရက်ဦးဆောင် ညွန့်ပေါင်းအစိုးရဟာ ယခင်ထက်ဆင်ရဲ့ ထိုင်းရက်ထိုင်း အဓိကမဟာမိတ်ဖြစ်တဲ့ နေ၀င်းချင့်ချော့ပ်အုပ်စု မဲပေးထောက်ခံ၍သာ အစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်ဟာ အကူးအပြောင်းလွယ်ပြီး တဦးတဖွဲ့တို့၏ အကျိုးစည်းပွါးဟာ အဓိကယူနစ်ဖြစ်သည်ကို တွေ့နိုင်ပေသည်။ ဤကား အာဆီယံရဲ့ ပကတိရုပ်ပုံလွှာဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဖြစ်ပေါ်ပြောင်းလဲလာမည့် ၂၀၁၅ အာဆီယံရဲ့ အခြေအနေကို ကြိုတင်တွက်ဆနိုင်သည်။ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတခုခြင်းရဲ့ ပြည်တွင်းရေး အရှုပ်အထွေး ပဋိပက္ခများကို ဆက်လက် လစ်လျူရှုထားပြီး တစုံလုံးရဲ့ စီးပွါးရေးအပေါ် ပိုမိုအာရုံစိုက်လာမည်။ ထိုင်း၊ ဗီယက်နမ်၊ စကာင်္ပူနှင့် မလေးရှားနိုင်ငံတို့ဟာ ကိုယ်ကျိုးစီးပွါးအတွက် ၄င်းတို့ရဲ့ စီမံခန့်ခွဲမှုပညာရပ်၊ အရင်းအနှီး၊ နည်းပညာ စတာတွေကို အစွမ်းကုန် တိုးမြှင့်အသုံးချပြီး ကမ်ဘေားဒီယား လာအိုနှင့် ဗမာပြည်တို့လို နိုင်ငံတွေရဲ့ သယံဇာတနှင့် လုပ်အားများကို အမြတ်ထုတ်မည်။ မိမိတို့လိုနိုင်ငံတွေရဲ့ လက်ရှိစီးပွါးရေငန်း (Informal Business) တွေဟာ စီမံခန့်ခွဲမှုကောင်းခြင်း အရင်းအနှီးပြည့်စုံခြင်း စတဲ့ အင်္ဂါရပ်တွေမရှိဘဲ လက်ရှိစစ်အစိုးရရဲ့ ကြောထောက်နောက်ခံဖြင့်သာ ရပ်တည်နေသဖြင့် အနာဂတ်မှာ နိုင်ငံကျော်ကော်ပိုးရေးရှင်းကြီးများ (MNC) နှင့် မယှဉ်နိုင်ပဲ ပြောက်ကွယ်သွားလိမ့်မည်။ ပြည်ပအရင်းအနှီးနှင့် နည်းပညာ စီးဝင်လာမှုဟာ ပြည်တွင်းအခြေခံ လူတန်းစားတွေအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး နည်းပညာပိုင်းကို တိုးတတ်လာစေမည်။ (Urbanization) မြို့ပြသို့ ပြောင်းရွှေ့နေထိုင်မှုနှုန်း တိုးတတ်လာခြင်းနှင့်အတူ မိရိုးဖလာလယ်ရာလုပ်ကိုင်မှု နည်းပါးလာပြီး မြိုးပြတွင် လူမှုရေးပြဿနာများ ပိုမိုတိုးပွါးလာမည်။ လွတ်လပ်စွာ လုပ်အားစီးဆင်းမှုနှင့် ပြင်ပငွေလဲနှုန်းကြီးမားမှုကြောင့် ပြည်ပသို့ရွေ့ပြောင်းလုပ်သား ဆက်လက်ရှိနေပြီး မူးယစ်ဆေးဝါးပြဿနာများ ပိုမိုဆိုးလာနိုင်သည်။ ပညာတတ်လူလတ်တန်းစား ကြီးထွားလာခြင်း၊ နိုင်ငံစုံကော်ပိုးရေးရှင်း စီးဝင်လာခြင်း စတာတွေဟာ နိုင်ငံတော်အာဏာကို တနည်းတဖုံ ခြိမ်းခြောက်လာနိုင်ပေသည်။ အာဆီယံရဲ့ ကုန်သွယ်ရေးဇုံ တိုးမြှုင့်လာခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် အတိုင်းအတာတခုအထိ ဖိအားပေးလာနိုင်မည်ဖြစ်သည်။ အချုပ်ဆိုရသော် ၀ရုံးသုံးကား အာဆီယံ ၂၀၁၅ ဟာ ဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တိုင်းကို အကျိုးအမြတ်နှင့် ခြမ်းခြောက်မှုများ တပြိုင်တည်း ဖြစ်ပေါ်နိုင်စေသဖြင့် လာမည့်၂၀၁၅ တွင် ကျရောက်လာမည့် အန္တာရယ်များ တားဆီးရှောင်ရှားနိုင်ရန်နှင့် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို မိမိတို့ပန်းတိုင်ရောက်ရေးအတွက် အသုံးချနိုင်ရန် နည်းဗျူဟာသစ်များ ရှာဖွေကြံဆထားခြင်းဖြင့် ပြင်ဆင်မှုလုပ်ထားသင့်ကြောင်း။

အားပေးခြင်းကို ကျေးဇူးအထူးတင်ပါသည်။ ဝေဖန်အကြံပေးချက်များ ကြိုဆိုပါသည်။

အပြည့်အစုံသို့

ပန်းတိုင်ဆီသို့

တိတ်ဆိတ်တဲ့ ညတွေကို တယောက်ထဲဖြတ်
ခြောက်ကပ်နေတဲ့ နေ့တွေကိုလဲ ငါမမှုအား
စိတ်ပြေလက်ပျောက် စကားပြောဖို့ အဖော်ကမရှိ
အထီးကျန်လိုက်တဲ့ငါ့ဘ၀ရယ်။

အိမ်ကိုလွမ်းတော့လဲ ပြန်လို့မရ
အခက်အခဲတွေကအမျိုးမျိုးရယ်
တဖက်မှာကငွေကြေး
တခြားတဖက်မှာတော့ ပညာအရေးပေါ့။

ဒါပေမယ့်လဲ ငါအရှုံးမပေးဘူး
ငါ့သူငယ်ချင်းတွေလဲ ဒီလိုဘဲလို့ စိတ်မှာတင်း
အခက်အခဲတွေကြား ရုံးကန်ရင်း
တလှမ်းချင်းဆက်ရှောက်မယ် ပန်းတိုင်ဆီသို့။

ဝေဖန်အကြံပေးသူကို ပိုကျေးဇူးတင်မည်။

အပြည့်အစုံသို့

Saturday, April 18, 2009

မွန်ပြည်သစ်ပါတီဝင်တစ်ဦး မော်လမြိုင်မြို့အနီးလုပ်ကြံခံရ

မော်လမြိုင်(ဧပြီ-၁၉)။ ။မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မီတီဝင်အဆင့်ရှိ နိုင်မင်းနောင် ယမန်နေ့ညနေပိုင်း(၄) နာရီခန့်တွင် မော်လမြိုင်-မုဒုံမော်တော်ကားလမ်းမပေါ် ရိုးဂိုးကျေးရွာအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရဲစခန်းအကြောင်းကြားချက်အရ သိရကြောင်း မွန်ပြည်သစ်အရာရှိများ ပြောပြချက်အရ သိရသည်။

နိုင်မင်းနောင်(ခေါ်) ဒေါက်တာမင်းနောင် BVS သည် ရုံးတာဝန်အရ မော်လမြိုင်မြို့ရှိ ဘဏ်တခုတွင်ငွေထုတ်အပြီး မုဒုံမြို့နယ်၊ ကမာဝက်ရွာနေအိမ်သို့ တစ်ဦးတည်း မော်တော်ဆိုင်ကယ်စီး၍ ပြန်လာစဉ် နောက်ကျောမှ 9-MM ပစ္စတိုဖြင့်တစ်ချက် အပစ်ခံရသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီအတွက် ဆန်ရိက္ခာဝယ်ယူရန် ဘဏ်မှငွေထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမြန်မာငွေကျပ် သိန်း(၁၈၀) ကျော်ကို ပစ်ခတ်သူများမယူဆောင်ခဲ့ပေ။ လောလောဆယ်တွင် အဆိုပါငွေများကို မွန်ပြည်နယ်ရဲမှ သိမ်းဆီးထားသည်။ ငွေများကို သေနတ်သမားများမယူဆောင်ခဲ့သည်မှာ သူကိုတမင်လုပ်ကြံခြင်းသာ ဖြစ်သည်ဟုမွန်ပြည်သစ် အသိုင်းအဝိုင်းတို့မှ ယူဆနေကြသည်။

သူ၏ရုပ်အလောင်းကို မော်လမြိုင်မြို့ ပြည်နယ်ဆေးရုံသို့ယူဆောင်သွားပြီး သက်ဆိုင်ရာမှ ဆေးစစ်မှတ်တမ်းပြုလုပ်ခဲ့သည်။ ယနေ့တွင်လမြိုင်မြို့တွင် သူ၏ရုပ်အလောင်းကို မီးသဂြိုလ်မည်ဟု သိရသည်။ ယခုအခင်းဖြစ်ပွားရာနေရာသည် မော်လမြိုင်မြို့အဝင် အလွန်နာမည်ကြီးသည့် “ရိုးဂိုး” အဖွဲ့ပေါင်းစုံ ဆန်းစစ်ဂိတ်ကြီးနှင့် (၃)ဖာလုံခန့်သာဝေးကွာပြီး မော်တော်ယဉ်အသွားအလာများသည့် မော်လမြိုင်-ရေး-ထားဝယ် မော်တော်ကားလမ်းမကြီး၏ တစ်ခုတည်းသော ပင်မလမ်းကြောင်းကြီး ပေါ်တွင် ဖြစ်သည်။

၁၉၉၅-ခုနှစ် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်ရပ်ပြီးနောက်ပိုင်း မြို့ပေါ်ဒေသများတွင် မွန်ပြည်သစ်ပါတီဝင်အပေါ် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့သောလုပ်ကြံမှုဖြစ်သည်။ မြို့ပေါ်ဒေသများတွင် ထိပ်ပိုင်းမွန်ပြည်ပါတီဝင် ခေါင်းဆောင်အချို့၏သီးသန့်လုံခြုံရေးမှလွဲ၍ အခြားပါတီဝင်များ မည်သည့်လက်နက်မှ ကိုင်ဆောင်ခွင့်မရှိကြပေ။ သို့သော် အခြားငြိမ်းချမ်းရေးအဖွဲ့များမှာမူ မော်လမြိုင်မြို့ပေါ်တွင် ပစ္စတိုကဲ့သို့သော လက်နက်ငယ်များ ကိုင်ဆောင်နေသည်ကို ဒေသခံများမြင်တွေ့နေရ၏။

မှတ်ချက်။ ။ဤသတင်းကို ကိုဗညားအောင် (ကဵ၀ဵ) မှရရှိသည်။

အပြည့်အစုံသို့

Friday, April 17, 2009

အလိုမရှိ

မြို့ပြရဲ့မီးရောင်တွေလှတာကြည့်ရင်း
လတစင်းကိုငါမေ့ခဲ့တယ်။
လကွယ်တမဆန်း
လဆမ်းလဲငါမသိ၊
စိတ်ရှိတိုင်းဆိုလျှင်
လကိုငါအလိုမရှိ။

မနက်ထအလုပ်ဆင်း
ညနေခင်းအလုပ်ပြန်၊
ဒီလိုပုန်မှန်အလုပ်ရှုပ်ရင်းနေမင်းကိုငါမေ့ခဲ့တယ်။

လောကစည်းစိမ်ကိုဖျက်
ဦးနှောက်ရှိတိုင်းဖောက်ပြန်၊
ပေါက်ကရကြံကြည့်
အခန်းပြည့်လျှောက်အန်
ဗျောင်းဆန်အောင်မူးရင်း
ဘ၀ကိုငါမေ့ခဲ့တယ်။

ပိုက်ဆန်မရှိတာမဆန်း
သိက္ခာတွေငါမလွမ်း
သွားစမ်း ---------------
အတ္တတစ်ခွက်ထပ်ချပြီးကြိမ်ဆဲ
ကိုယ့်ဖာသာအော်ဆဲမိသည်။
ငါ့ကိုယ်ငါလဲအလိုမရှိ။

Composer ။ ။မောင်ဗမာ


အပြည့်အစုံသို့

ဘလော့ဂ်ဂါအသစ်များ ဒီမှာ ဗမာလို ဘလော့ဂ်လုပ်နည်း ကို Download လုပ်ယူပြီး ဖတ်ရှုလေ့လာပါက ပိုမိုအဆင်ပြေမည်။

အပြည့်အစုံသို့

Thursday, April 16, 2009

နအဖမှ ၂၀၀၈မှာအတည်ပြုတည်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဖက်လိုက်ကြပါဦး။

အပြည့်အစုံသို့

Saturday, April 11, 2009

ကျနော်တို့အပန်းဖြေစရာထိုင်ခုံလေး

နှစ်ဆယ့်လေးကမ္ဘာ

ဘာရယ်တော့ မဟုတ်ပါဘူး။ မနေ့က ဟိုကြည့်ဒီကြည့်နဲ့ သူငယ်ချင်းတယောက် Facebook မှာ ပို့စ်လုပ်ထားတဲ့ ကျတော်တို့ ICFC မှာနေခဲ့တဲ့အဆောင်လေးရဲ့ ဓါတ်ပုံတပုံတွေ့လိုက်ရလို့ ICFC က life ကို အရမ်းသတိရတာဘဲ။ ICFC life ကလဲ ပျော်စရာ ပျင်းစရာ excite ဖြစ်စရာ ငြီးငွေ့စရာ စသဖြင့်ပေါ့ ခံစားချက်တွေ စုံနေတာဘဲ။ ရှိတာက သူငယ်ချင်း ၂၄ ယောက်။ လူမျိုးကလဲစုံ ဘာသာကလည်းစုံလို့။ ၂၄-ကမ္ဘာပေါ့။ အခုတော့လဲ အဲဒီကမ္ဘာလေးက ပြိုကွဲသွားပြီး ကျနော်တို့ ၂၄ ယောက် က ၂၄ နေရာရောက်လို့ တကွဲတပြားစီ ဖြစ်နေကြပြီးပေါ့။

ကျနော်တို့ ၂၄-ကမ္ဘာက ဧရိယာ စတုရန်းကီလိုမီတာပေါင်း နှစ်ကီလိုလောက်ဘဲရှိတော့ နဲနဲတော့ကျင်းတယ်လို့ ဆိုရမှာပေါ့။ အဲဒီအထဲမှာတော့ ဆေးလိပ်ဆိုင် မုန့်ဆိုင် ဘောလုံးကွင်း ဘောလီဘောကွင်း ကြက်တောင်ကွင်း တေဗယ်တင်းနစ်ကွင်း စာသင်ကျောင်း စာကြည့်တိုက် Computer Lab သိပံ္ပလက်တွေ့ခန်း တီဗီခန်း စသဖြင့် တော်တော်တော့ စုံတာဘဲ။ တရားရုံးလဲရှိပါတယ်။ ကျနော်တို့ ၂၄-ကမ္ဘာရဲ့တရားရုံးထဲမှာလည်း တရားသူကြီး ဂျုရီလူကြီး မှတ်တမ်းတင်သူ စသဖြင့်။ Constitution လို့ခေါ်တဲ့ ဟိုမလုပ်ရ ဒီမလုပ်ရ Rules and Regulation တွေလဲရှိပါတယ်။ အဲဒီအထဲမှာ သမ္မတကြီးကတော့ အမျိုးသ္မီးပါ။ သူမကတော့ ၂၄-ကမ္ဘာရဲ့ စီတီဇင်မဟုတ်ပါဘူး အနောက်ဖက်ကလာတဲ့ ဂြိုလ်သူပါ။ သူမကိုသမ္မတတင်ထားရတဲ့ အကြောင်းကတော့ သူမဟာ ကျတော်တို့ကမ္ဘာရဲ့ စီးပွါးရေး ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးရေး နိုင်ငံရေးစနစ် စတာတွေနဲ့ ထောက်ပံ့လို့ဖြစ်ပါတယ်။ စေတနာတော့ တော်တော်ကောင်းတဲ့ သမ္မတကြီးပါ။

ဒါပေမယ့်ကျနော်တို့ ၂၄-ကမ္ဘာထဲက စီတီဇင်တွေကတော့ နဲနဲဆိုးတယ်ဗျ။ ကြက်ဥတိုက်တဲ့ဒမြရှိသလို ဆီ ကြက်သွန် ခေါက်ဆွဲ စတာတွေကို ခိုးတဲ့သူခိုးတွေလဲရှိပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေလဲ ရှိပါတယ်။ နိုင်ငံရေးအတွေးအခေါ်တော့ တော်တော်မြင့်ကြပြီး ၀ါဒတွေက စုံလို့။ ကွန်မြူနစ် လက်ဝဲ၀ါဒီတွေရှိသလို အရင်းရှင်လက်ယာဝါဒီတွေလဲအများသား။ အမျိုးသ္မီးဝါဒီ ကွန်ဆာဗေးတစ်ဝါဒီ ပရိုကရက်စစ်(၀်)၀ါဒီ စတာတွေလဲရှိကြပါတယ်။ ဘုရားတရား ကြည်ငြိုတဲ့ စီတီဇင်တွေရှိသလို အရက်သမား ဖဲသမား စတဲ့ ငမိုက်သားတွေလဲရှိပါတယ်။ ဘောလုံးသမား ပန်းချီပညာရှင် ဂီတပညာရှင် တရားဆရာ စတာတွေလဲရှိပါတယ်။ ဒါကတော့ ကျနော်တို့ ၂၄-ကမ္ဘာထဲက စီတီဇင်တွေရဲ့ ကာရိုက်တာပေါ့လေ။

ကျနော်တို့ကမ္ဘာထဲမှာ အစားအသောက်နဲ့ပက်သက်လို့တော့ သမ္မတကြီးက တော်တော် စနစ်တကျဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးထားပါတယ်။ Breakfast အတွက် ခေါက်ဆွဲ ဆန်ပြုတ် ထမင်းကြော် အဲဒီသုံးမျိုးကို ပတ်လည်စားရပါတယ်။ ဥပမာ တနလာင်္မှာ ထမင်းကြော်ဆိုရင် အင်္ဂါမှာ ခေါက်ဆွဲကြော် ဗုဒ္ဓဟူးမှာ ဆန်ပြုတ် အဲဒီလိုပတ်လည်လှည့်ပြီး စီမံပေးထားတာကြောင့် စားရတာ သိပ်ပြီးတော့ မငြီးငွေ့လှပါဘူး။ တနေ့လုံးအစားအစာတွေထဲမှာ Lunch ကတော့ စားပြီးတာနဲ့ မျက်လုံးတွေ မှေးလာတဲ့အထိကို ကောင်းတာ။ ကျနော်ကတော့ ဒီ၂၄-ကမ္ဘာရောက်မှ စားဖူးတဲ့ ကရင်လူမျိုးတွေရဲ့ ရိုးရာအစားအစာတမျိုးဖြစ်တဲ့ ၀က်ခြေထောက်နဲ့ ဟိုကွမ်းရွက်လိုလို ဘာလိုလိုအရွက်နဲ့ ချက်ထားတဲ့ တာလပေါဆိုရင် အကြိုက်ဆုံးပဲ။ ဘောဒါတွေအတွက်တောင် မငဲ့ပဲ အ၀ဆွဲပစ်လိုက်တာပဲ။ တခါတရံ သစ်သီးတွေလဲ အချိုပွဲအနေနဲ့ကျွေးပါတယ်။ အသီးမရှိတဲ့ရက်မှာဆိုရင်တော့ ကျနော်တို့ ပြည်တွင်းထွက် လန်းမြိုင်သီးပေါ့။ Bird Flu လို့ခေါ်တဲ့ ကြက်နာရောဂါဖြစ်တဲ့အချိန်မှာဆိုရင် သမ္မတကြီးက ကျနော်တို့ ၂၄-လူဆိုးတွေ ကျန်းမာရေး အတွက်ဆိုပြီး ကြက်သားကို Ban လုပ်ထားတယ်။ အဲဒါအပြင် ခေါ်ဖီ Tea သစ်သီးစုံတဆိပ်ဓါတ်ဆား မားမား စတာတွေကိုလဲ Ration စနစ်နဲ့ ဝေပေးထားတာကြောင့် အစားအသောက်နဲ့ ပက်သက်ပြီးတော့ လိုလေသေးမရှိလောက်အောင် ပြည့်စုံတယ်လို့ ဆိုရမှပေါ့။

ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း ကျနော်တို့ ၂၄-ကမ္ဘာစီတီဇင်တွေက နဲနဲဆိုးတော့ ဘယ်လောက်ပဲ ကောင်းအောင် စီမံပေးထားထား ပြဿနာတော့ ရှာလိုက်ရမှ ကျေနပ်တယ်။ မိုးလင်းတာနဲ့ ပြဿနာကစပြီး။ ကျော်ထားတဲ့ ခေါက်ဆွဲကြော်ကို အသုတ်ပြန်သုတ်ကြတဲ့ ဆရာ/မကြီးတွေရှိသလို ဆန်ပြုတ်ဆို အရသာမရှိဘူးဆိုပြီး အစာအငတ်ခံ ဆန္ဒပြတဲ့အဖွဲ့လည်းရှိတယ်။ တချို့ဆိုယင်လဲ စားပြီးယင် ပန်းကန်မဆေးဘူး။ နေ့လယ်စာဆိုယင်လဲ သတ်မှတ်ထားတဲ့ အချိန်မရောက်ခင် စားသူကစား၊ ညစာဆိုယင်လဲ အရင်စားတဲ့သူကစား ဟင်းကောင်းတွေ့ရင် ဗိုက်ကဆာဆာနဲ့ ဆွဲပစ်လိုက်တာ နောက်ကျတဲ့အကောင်တွေ ငတ်တာလဲရှိသေးတယ်။ တချို့ဆိုလဲ ကျွေးတဲ့ဟာ မစားပဲ ဟိုကြောင်ရှာပင်ပေါ်က အသီးကိုကြော် ဒါမှမဟုတ် ပါးပါးလေးလှီးပြီး အချဉ်စိမ်ပြီး စားသူကစား အရွက်ကို ပြုတ်တို့ပြီး ၀ါးသူက၀ါးနဲ့ အလုပ်ကိုရှုတ်နေတာပဲ။

ညနေစာပြီးတာနဲ့ ဂီတပညာရှင်တွေက Earphone လေးကိုင်ပြီးတော့ ကွန်ပျုတာခန်ပြေး Communication သမားတွေက Yahoo Hotmail G-talk စတာတွေဖွင့်ပြီးတော့လေပွါး တချို့ကြတော့လည့် တီဗွီခန်းမှာ တီဗွီကြည့်ကြရင်း နည်းမျိုးစုံနဲ့ Relex လုပ်ကြပါတယ်။ ဘာမှမလုပ်ချင်တဲ့ စီတီဇင်ပြင်းတွေကတော့ ဆေးလိပ်ဖွာ ကွမ်းဝါးနဲ့ ဟိုအာဒီအာပေါ့။ စာကြိုးစားတဲ့လူအနည်းစု စာကြမ်းပိုးတွေကတော့ စာဖတ်ကြပါတယ်။ အွန်လိုင်းပေါ်မှာ Chatting လုပ်တဲ့အုပ်စုတွေထဲမှာတော့ တချို့က ဆဲနည်းပေါင်းစုံကို အင်တာနက်ပေါ်ကနေ မရမကရှာဖတ်ပြီးတော့ လေသေနတ်နဲ့စစ်တိုက်ကြသူတွေ ရှိသလို တချို့အမျိုးသ္မီး စီတီဇင်တွေက ကပ္ပလီတွေကို အွန်လိုင်းပေါ်မှာ မရမကရှာပြီး Chatting လုပ်တာတွေလဲရှိပါတယ်။ ကျနော်တို့ ၂၄-ကမ္ဘာ ထုံးစံတခုကတော့ ညဥ့်နည်းနည်းလေး နက်လာပြီဆိုတာနဲ့ စီတီဇင်တွေ မီဖိုချောင်ဖက်ကို တယောက်ပြီးတယောက် ရောက်လာခြင်းပဲဖြစ်ပါတယ်။ Relex လုပ်တာ နဲနဲများလို့ ဗိုက်ဆာလာတာနဲ့တူတယ်။ တချို့က မားမားထုတ်၊ တချို့ကလ္ဘက်ထုတ် စသဖြစ် ရှိတဲ့ရိတ်ခါတွေ ပြုတ်သူကပြုတ် ကြော်သူကကြော် သုတ်သူကသုတ် အမျိုးမျိုးလုပ်စားကြပါတယ်။ ကျနော်တို့အုပ်စုကတော့ မားမားရယ် ခိုးထားတယ် ခေါက်ဆွဲရယ်ကို ပြုတ်၊ ပြီးတော့မှ လက်ကျန်ထမင်းနဲ့ရော အဲဒါတွေကိုမှာ ခိုးထားတဲ့ဆီ ကြက်သွန်တွေနဲ့ ကြော်ပြီးတော့ ပေါင်းစားရတာ တော်တော်မြိန်ပါတယ်။ စားပြီးတော့ တခဏလောက် ဆေးလိပ်ဖွါထိုင်အာ ပြီးတာနဲ့ အိပ်ယာဝင်ရင်း တနေ့တာ Activities တွေကို အဆုံးသတ်လိုက်ကြတာပေါ့။

ကျနော်တို့ ၂၄-ကမ္ဘာမှာ အပျော်ဆုံး စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်လည်းဖြစ် စိတ်ညစ်စရာအကောင်းဆုံး အချိန်လဲဖြစ်တာကတော့ လကုန်ခါနီး Outing ထွက်ဖို့ အစီအစဉ်ရေးဆွဲရာမှာ ညှိုနှိုင်းရတဲ့အချိန်ပေါ့။ စီတီဇင် ၂၄ ယောက်က တယောက်တနေရာသွားချင်နေတော့ ညှိုရတာ တော်တော် ခက်ပါတယ်။

မှတ်ချက်။ ။တော်ပြီး ဆက်မရေးတော့ပါ။

ခူးစားတာ အားမရလို့ အကိုင်းပါခုတ်ချ


ဒါကျနော်တို့မမေ့နိုင်တဲ့နှစ်ဆယ့်လေးကမ္ဘာပါ။



ချင်းမိုင်စာကြည့်တိုက်သို့အလည်တခေါက်


သူငယ်ချင်းရဲ့မွေးနေ့


ဖင့်မေအောင်ကား နဲ့ အောင်တီးအထွက်

အပြည့်အစုံသို့

Thursday, April 9, 2009

မြန်မာသက္ကရာဇ် ၁၃၇၁-ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ

မဟာသင်္ကြန်ကျချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၄) ရက်၊အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ (၁၅) မိနစ်၊ (၃၆) စက္ကန့်။

မဟာသင်္ကြန်အကြတ်ရက် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။

မဟာသင်္ကြန်တက်ချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၆) ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ၊ (၂၀) မိနစ်၊ (၁၈) စက္ကန့်။

နှစ်ဆန်းတစ်ရက် - ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ (သုဒ္ဓဒိန် - ၁)။

ဇေယျတု သဗ္ဗမင်္ဂလံ။ ။ သုဝဏ္ဏမယံ၊ ဖလိက ပဋိစ္ဆန္နံ သမပဏ္ဏာ သယောဇနာယာမ၀ိတ္ထာရံ၊ သူရိယဿ ဒေသပုတ္တဿ ၀ိမာနံ၊ သူရိယမဏ္ဍလံ နာမ။ ယင်းသို့မိန့်မှာ၊ ဌကထာတည့်၊ ကျမ်းလာပါဌ်ရင်း၊ ဓိပ္ပာယ်လင်းသော်၊ အတွင်းခန်းသာ၊ ရွှေပိန်းကာသည့်၊ ထိန်ဝါတင့်ဖြီး၊ ရွှေဖြင့်ပြီး၍၊ ရံဆီးဘုံပ၊ ဖန်သားခလျက်၊ လုံးဝယူဇာနာ၊ ငါးဆယ်ဖြာနှင့်၊ သင်္ချာအ၀န်း၊ တွက်ရေညွှန်းသော်၊ အစွန်းငါးဆယ်၊ တစ်ရာသွယ်သည့်၊ နေနွယ်ဝံသ၊ အာဒိစ္စဟု၊ ဒေ၀ဗိမာန်၊ ဘုံယာဉ်ပျံကို၊ ရည်သန်သမှု၊ ခေါ်ဝေါ်ပြုသား၊ လောကုပစာ၊ သူရိယာဟု၊ နာမာပညတ်၊ နေပြာသာဒ်မှ၊ သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ထိန်ပြောင်ပ၀င်း၊ သုံးကျွန်းလင်းသည့်၊ တနင်္ဂနွေခေါ်ဆို၊ ထိုသည့်ဂြိုလ်သည်၊ အဟိုပထမ၊ ကပ်ဦးစက၊ မိဿရာသီ၊ အာဒိချီလျက်၊ ဿဝနီမှတ်၊ ထိုနက္ခတ်၏၊ ပါဒ်ပထမ၊ ယှဉ်ပြိုင်ကြလျက်၊ လှည့်ကြွမြန်းရာ၊ နက္ခတ်သာကို၊ မှီပါနိုင်ပဲ၊ သို့ဖြစ်မြဲကြောင့်၊ နောက်ဆွဲပါဒ၊ ဒုတိယနှင့်၊ ယှဉ်ရပြန်ရာ၊ ဤခြင်းရာဖြင့်၊ ပစ္စာဝါဒ၊ နက္ခတ္တနှင့်၊ ဌာနရာသီ၊ ဆယ့်နှစ်လီ၌၊ စဉ်စီယှဉ်ရ၊ သို့ကိစ္စမှာ၊ မာသချင့်ထောက်၊ မိန်သို့ရောက်၍၊ နောက်အ၀ဿန်၊ န၀င်းမှန်မှ၊ တစ်ဖန်မိဿ၊ အစန၀င်း၊ ပြောင်းယှဉ်ခြင်းဖြင့်၊ စက်ကွင်း - ၁ ရစ်၊ ၁-ပတ်ခေတ်ကို၊ ၁-နှစ်အရ၊ သင်္ကြန်ကျဟု၊ ဌာနမြန်ပြည်၊ သမုတ်သည်ကို၊ အတည်တွက်ဆ၊ သင်္ကေတကား၊ ခဆပဉ္စာ၊ သက္ကရာကို၊ ရာဇာကြငှန်း၊ စောရဟန်းတည့်၊ ကိန်းခန်းချေရစ်၊ အစနှစ်မှ၊ မဇ္စျေဌာနီ၊ နေပြည်တော်ထိ၊ သွယ်ညှိယူလစ်၊ တွက်စစ်ကောဇာ၊ နှစ်သင်္ချာကား၊ ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅-ရက်၊ ခရစ်နှစ်၊ ၂၀၀၉-ခု၊ ဧပြီလ၊ ၁၄-ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန်၊ နံနက်စက်၊ ၃-နာရီ၊ ၁၅-မိနစ်၊ ၃၆-စက္ကန့်၊ မြန်မာပဟိုရ်ညဉ့် ၃-ချက်တီးကျော်၊ ၀-နာရီ၊ ၃-ပါဒ်၊ ၄-ဗီဇနာ၊ ၃-ပြာဏ်၊ ၄-ခရာအချိန်၊ ကုမ်ရာသီလဂ်၊ ဗြိစ္ဆာရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ ဗုဒ္ဓဟူးတြင်း၊ စနေန၀င်း၊ ဗုဒ္ဓဟူးဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ် ၂၃-လုံး၊ ၁-ပါဒ်၊ ၆-ဃဋီ၊ ၁၆-၀ိဃဋီ၊ ၁၈-အနုဃဋီပြည့်ထက်၊ လဂ်စီးလျက်၊ ထိုနာရီ၏ မွန်းတည့်နက္ခတ်သော်ကား၊ ဇေဠနက္ခတ်တွင် ၂၂၈-အံသာ၊ ၁၁-လိတ္တ၊ ၃၄-၀ိလိတ္တာစီးလျက်၊ ဗလ၀ကရိုဏ်းနှင့်ယှဉ်၍၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက်၊ ဂဠုန်ကိုစီး၍ လက်တစ်ဘက်ကား သန်လျက်၊ လက်တစ်ဘက်ကား တံစဉ်ကိုင်၍၊ မြောက်ကသည် အရှေ့တောင်ထောင့်သို့ဝင်၏။ ဓံနီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား “အာသီ” အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ဃောရဿနတ်သမီးကား မှောက်ခုံနေ၍ လှမ်းလင့်၏၊ မဟောရကာဒေ၀ီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ မိုးဦးတန့်အံ့၊ မိုးလယ်၊ မိုးနှောင်းကောင်းအံ့၊ ကျိုင်း၊ ပိတုန်း စသော အတောင်ရှိသောသတ္တ၀ါတို့ ထူကုန်အံ့၊ ကမ္ဘာပေါ်၌ စစ်မက်များအံ့၊ ပြည်ရွာမီးလောင်ဖန်များအံ့၊ စပါး၊ အသီးအနှံမြောက်အံ့၊ ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများ ပျက်သုဉ်းအံ့၊ အုန်းသီး၊ ငရုတ်ရှားအံ့၊ ဤကား သင်္ကြန်ကျအဟောတည်း။

သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄) မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဤကား အများနှင့်ဆိုင်သော သမညအခါပေတည်း။ အသီးအသန့် ၀ါသေသအခါပေးကား သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ ၃-လုံး၊ ၅၂-ဃဋီ၌ ဣဋ္ဌသောကြာမြေခံဖြစ်၏။ သို့ဖြစ်၍ ယင်းတိထီမြေခံဆိုင်ရာမှာ သောကြာနေ့ဖြစ်ပြီး သင်္ကြန်ကျသည့်ရက်မှာ အင်္ဂါနေ့ဖြစ်၏။ သို့ဖြစ်ရာ အင်္ဂါနေ့နှင့် သောကြာနေ့သားသမီးတို့မှအပ ကြွင်းကျန်ကုန်သောနေ့သားသမီးတို့သည်။ မိမိတို့၏နေ့အလိုက် ပဟပတိအရပ်ကား တနင်္ဂနွေသားသမီးများအတွက် မိမိမွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သော အရှေ့မြောက်ထောင့်အရပ်ကို ပရိဝါရမှဆက်၍ အာယု၊ နဂရ၊ ဘုမ္မိ၊ ဂဟေပတိ- ဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်မျက်နှာကို လှည့်၍ယူရာတွင် အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။ ထို့ကြောင့် တနင်္လာသားသမီးကား- အနောက်အရပ်၊ ဗုဒ္ဓဟူးသားသမီးကား- မြောက်အရပ်၊ ကြာသပတေးသားသမီးကား- အရှေ့၊ စနေသားသမီးကား- အရှေ့မြောက်ထောင့်၊ ရာဟုသားသမီးကား- အရှေ့တောင်အရပ်များသို့ မျက်နှာမူပြီးလျှင် မိမိတို့နံ၏အမြစ်ဖြစ်သော တနင်္ဂနွေကား-ဒန်း၊ တနင်္လာကား-အုန်း၊ ဗုဒ္ဓဟူးကား-မြေစာ၊ ကြာသပတေးကား-ချယား၊ စနေကား-သီး၊ ရာဟုကား-မြေစာ၊ အမြစ်နှင့် နံတူပန်းညွန့်တို့ကိုနင်းကြမ်းပြု၍ မိမိတို့နံ၏အညွန့်ပန်း တနင်္ဂနွေကား-ကံ့ကော်၊ တနင်္လာကား-မြေစာ၊ ဗုဒ္ဓဟူးကား-သပြေ၊ ကြာသပတေးကား-သီး၊ စနေကား-အုန်း၊ ရာဟုကား-သပြေ ဟူသော နံတူပန်းပွင့်/ပန်းညွန့်တို့ကို အသီးသီးဆောင်လျက် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတောင်စောင့် သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာ ဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

သင်္ကြန်အကျ မြေခံနေ့သားသမီးများဖြစ်သော သောကြာနေ့သားသမီးတို့သည် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော တောင်အရပ်ရှိသစ်ပင်ရင်း၌ မိမိတို့နံ၏အမြစ်ဖြစ်သော သပြေကိုအခင်းပြု၍၊ မိမိတို့နံ၏ အညွန့်ဖြစ်သော ဒန်းပန်းကိုဆောင်လျက် သင်္ကြန်အကျဂြဟဇာပွင့်ရာ အောက်အရပ်သို့ မျက်နှာမူပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည် အင်္ဂါနေ့ဖြစ်ရာ အင်္ဂါသားသမီးတို့သည် သင်္ကြန်အကြတ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့၌ ဂဟပတိအရပ်ဖြစ်သော အနောက်မြောက်သစ်ပင်ရင်း၌ မိမိတို့အင်္ဂါ၏ အမြစ်နေ့နံဖြစ်သည့် ကံ့ကော်ညွန့်ကိုခင်း၍ မိမိတို့နံညွန့်ပန်းဖြစ်သော ချယားညွန့်ဆောင်ပြီးလျှင် ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာအရပ်ဖြစ်သော အရှေ့အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဆရာ၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့အား လိုသောဆုတောင်းပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုကြကုန်ရာ၏။

ဦးခေါင်းဆေးအကျိုးကား - သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုလ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့်၊ တစ်ဘဂဏပြည့်၍၊ မိန်ရာသီအ၀သာန်န၀င်းမှ မိဿရာသီအာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌၊ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ်အပ်ကုန်သော မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏၊ တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ၀ိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော သတသဟဿာနိ၊ တစ်သိန်းသောအကျိုးတို့သည်။ ဘ၀ယျုံ၊ ဖြစ်ကုန်ရာ၏။

သင်္ကြန်အခါ ရှောင်ကျဉ်ရန်အမှုများကား “နရာနံ မေထုနံ သုရာ၊ ၀ဓကောဓေန တေလတာ။ ရုက္ခဆေဒါ ဟနန္တဿ၊ ကိဏေယျ ၀ိက္ကိဏေယျ ၀ါ။ ဣမာနိ ဒသကမ္မာနိ၊ သက္ကောပိ ပရိဝဇ္ဖယျေ” ဟုဆိုသောကြောင့် မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့်၊ ပါဏာသတ်ပုတ်၊ သောက်ထုတ်သေရက်၊ မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်ကုန်ရှောင်း၊ အရောင်းအ၀ယ်၊ လဲလှယ်ဟူသည် ဤဆယ်မည်ကို၊ လူ့ပြည်လူ့ခွင်၊ လူကိုစင်ထား၊ မြင့်မိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရှာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသော်အား၊ လင်္ကာကြားသည်၊ ဤကားမဟာသင်္ကြန်အလိုတည်း။

တနင်္ဂနွေသားသမီးတို့သည်။ ။ ဤနှစ်တွင် မည်သည့်ကိစ္စကိုမဆို အလွယ်တကူကတိမပေးသင့်ပေ၊ စိတ်ပျံ့လွင့်မှုမရှိဘဲ လိမ္မာပါးနပ်တည်ငြိမ်စွာနှင့်လုပ်ကိုင်လျှင် အောင်မြင်ဖြစ်ထွန်းအံ့၊ မိတ်ကောင်ဆွေကောင်းတို့ကြောင့် မျှော်မှန်းထားသည်ထက် အောင်မြင်မှုရရှိအံ့၊ အိမ်ခြံမြေအမွေအနှစ်ရရှိအံ့၊ ရင်းနှီးမြှုပ်နှံမှုကို မမှားအောင်ဂရုစိုက်သင့်သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်ဆွေမျိုးများ၏ ထင်မြင်လွဲမှားမှုခံရအံ့။ အင်္ဂါနံ၊ စက်ပစ္စည်းဝင်အံ့၊ အကျိုးရှိအံ့၊ ကြာသပတေး၊ အင်္ဂါသားသမီးတို့၏ကူညီမှုကြောင့် များစွာအောင်မြင်အံ့၊ တရားဥပဒေနှင့်မကင်းသောကိစ္စများအတွက် သောကကြုံရအံ့၊ ငွေကုန်ကျမှု၊ ရင်းနှီးမြှုပ်နှံမှုများသလောက် အကျိုးမခံစားရ၊ သတိပြုသင့်သည်။ ကားနှင့်ပတ်သက်၍ အကျိုးအမြတ်နည်းမည်။

တနင်္လာသားသမီးတို့သည်။ ။ ဤနှစ်တွင် ကျန်းမာရေးညံ့တတ်အံ့၊ ကြာသပတေးသားသမီး၏အကူအညီကြောင့် အိမ်၊ခြံ၊မြေ အကျိုးအမြတ်ရှိအံ့၊ ၀င်အံ့၊ အင်္ဂါနံ စက်၊ဆန်၊ဆီ၊ စိန်ဝင်အံ့၊ မိတ်ဆွေနှင့်ပတ်သက်၍ ရွှေ၊ ရေလုပ်ငန်းအောင်မြင်မှုရရှိအံ့၊ ဗုဒ္ဓဟူးသားသမီးနှင့် မိခင်နှင့်တူသောပုဂ္ဂိုလ်များ၏ ကူညီမှုတို့ကြောင့် ပိုမိုအောင်မြင်မှုရရှိအံ့။ ငွေကုန်ကြေးကျများအံ့၊ တနင်္လာသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မမျှော်လင့်သောဆုံးရှုံးမှုပေါ်အံ့၊ ရေလမ်းခရီးဘေးတွေ့တတ်သော်လည်း အန္တရာယ်မရှိနိုင်ပါ၊ လုပ်ငန်းများတွင် လုပ်ဆောင်မှုအားနည်းမှုကြောင့် အထင်လွဲမှုကြုံရအံ့၊ ဆန္ဒစော၍လုပ်ဆောင်မှုများကို သတိပြုရအံ့။

အင်္ဂါသားသမီးတို့သည်။ ။ဤနှစ်တွင်ရာထူးတိုးအံ့၊ လုပ်ငန်းကိစ္စများတွင် အထင်လွဲမှားမှုများကြောင့် ကြန့်ကြာမှုကြုံရခြင်းကို သတိနှင့်လုပ်ဆောင်သင့်သည်။ မိမိ၏ဆောင်ရွက်မှုများကြောင့် အများလေးစားကြည်ညိုမှုခံရအံ့၊ မိမိအောက်လူများကူညီမှုကြောင့် မြေ၊အမွေအနှစ်ရအံ့၊ ၀င်အံ့၊ အိမ်တွင်းရေး၊ မိသားစုရေးကိစ္စများတွင် စိတ်ရှည်စွာဖြေရှင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိအံ့၊ အယူဝါဒရေးရာ ဆောင်ရွက်ရာတွင် ဆန္ဒစောမှုများကြောင့် အထင်အမြင်လွဲမှုကြုံအံ့၊ ကြာသပတေးသားသမီး၊ ပညာရှင်ကြီးကဲသူတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုပိုမိုရရှိအံ့၊ အချစ်ရေး စန်းပွင့်အံ့၊ ပညာရေးတွင် ကြိုးစားသလောက်အောင်မြင်မှုရရှိအံ့၊ ငွေအတွက်သောကကြုံ၍ ကြာသပတေးသားသမီး ကူညီမှုဖြင့်အောင်မြင်မည်။ ဆီးရောဂါ၊ ခါးနာရောဂါဝေဒနာဖြစ်အံ့။

ဗုဒ္ဓဟူးသားသမီးတို့သည်။ ။ဤနှစ်တွင် ဆန်၊ဆီ၊ဆေး၊ဆား၊စွမ်းအင်၊ စက်မှုအလုပ်အကိုင်းများ တိုးချဲ့လုပ်ကိုင်လျှင် အောင်မြင်မှုရရှိအံ့။ အင်္ဂါသားသမီးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဥာဏ်ယူ၍ ဆောင်ရွက်ခြင်းတို့ကြောင့် ကြီးမားသောအောင်မြင်မှုကိုရရှိအံ့။ မိမိနှင့်ရင်းနှီးသော စနေ၊ တနင်္ဂနွေသားသမီးတို့၏ အထင်အမြင်လွဲမှားမှုကြုံရအံ့၊ အိမ်ထောင်ရေးတွင် ဆွေမျိုးများကြောင့် သဘောကွဲလွဲမှုကြုံရအံ့၊ အလုပ်ပင်ပန်းသလောက် အကျိုးခံစားရအံ့၊ အပေါင်းအသင်းမိတ်ဆွေတို့အပေါ် အကူအညီပေးရအံ့။ ဆုံးရှုံးမှုကြုံသောငွေကြေးများ ရင်းနှီးသောမိတ်ဆွေ၏ကူညီမှုကြောင့် သက်သာမှုရအံ့။

ကြာသပတေးသားသမီးတို့သည်။ ။ဤနှစ်တွင် အောင်မြင်ဖြစ်ထွန်းအံ့၊ အင်္ဂါနံစက်၊ စက်ပစ္စည်း၊ ယာဉ်၊ ကား၊ အကျိုးပေးအံ့၊ အိမ်၊ ခြံ၊ မြေ ၀င်အံ့၊ အကျိုးခံစားရအံ့၊ လုပ်ငန်းကိစ္စများတွင် သတိကင်းလွတ်ပါက ငွေကြေးဆုံးရှုံးမှုရှိအံ့၊ ကျန်းမာရေးကောင်းအံ့၊ ဂုဏ်သတင်းကျော်ကြားအံ့၊ အိမ်တွင်းရေး၊ မိသားစုရေး ရှုပ်ထွေးမှုရှိအံ့၊ ပညာရေးတွင် မိမိမျှော်မှန်းထားသလို အောင်မြင်မှုရရှိအံ့၊ စက်မှုပညာ၊ နည်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်တို့တွင် ပိုမိုတိုးတက်အောင်မြင်မှုရရှိအံ့၊ အချစ်ရေးတွင် အဆင်ပြေမှုရှိအံ့၊ စန်းပွင့်အံ့၊ မိသားစုအတွက် စိတ်သောကကြုံ၍ ငွေကုန်ကျမှုများအံ့၊ သည်းခံနိုင်ဖွယ်သာ ပြဿနာများအား သည်းခံလျှင် အောင်မြင်ကျော်လွှားမည်။

သောကြာသားသမီးတို့သည်။ ။ဤနှစ်တွင် အနှောင့်အယှက်၊ အတိုက်အခံတို့နှင့် လုပ်ငန်းတိုးတက်ရအံ့၊ အိမ်တွင်းရေးအညံ့ကြုံအံ့၊ စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုကြုံတွေ့ပြီး အောင်မြင်မှုရရှိအံ့၊ အိမ်ထောင်ရေးတွင် အထင်လွဲမှုခံရအံ့၊ စိတ်မချမ်းမြေ့ဖွယ်များတွေ့ရအံ့၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်အံ့၊ အိမ်ထောင်ဖက် ကျန်းမာရေးချို့တဲ့အံ့၊ အချစ်ရေးတွင် အထင်လွဲမှုကြုံရအံ့၊ ပညာရေးတွင် စိတ်ပျံ့လွင့်မှုထိန်းသိမ်းကာ ကြိုးစားပါက အောင်မြင်မှုရရှိအံ့။

စနေသားသမီးတို့သည်။ ။ဤနှစ်တွင် လုပ်ငန်းကိစ္စများ၌ စေတနာ၊ အနစ်နာခံမှုတို့ကြောင့် ပိုမိုတိုးတက်အောင်မြင်အံ့၊ လူလိမ်၊ ငွေလိမ်ခံရအံ့၊ မျှော်မှန်းထားသလောက် လုပ်ငန်းကြီးများကို အောင်မြင်အောင်လုပ်ဆောင်နိုင်အံ့။ အောက်လက်ငယ်သားတပည့်တပန်းအတွက် စိတ်ညစ်ရအံ့၊ ဗုဒ္ဓဟူးသားသမီးတို့၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်မှုရရှိအံ့။ အချင်းချင်းသစ္စာဖောက်မှုကြုံရအံ့။ ကျန်းမာရေးတွင် ဆီး၊ ကျောက်ကပ်ဝေဒနာဖြစ်အံ့၊ အချစ်ရေးတွင် သဘောထားကွဲလွဲမှုဖြစ်နိုင်၍ စိတ်ရှည်စွာထားသင့်သည်။

သင်္ကြန်အတာတက်အံ့သောအခါကား။ ။မြန်မာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၇-ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု ဧပြီလ ၁၆ ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် စက်နာရီ ၇-နာရီ ၂၀ မိနစ် ၁၈ စက္ကန့်၊ မြန်မာပဟိုရ်၊ နံနက် ၄ ချက်တီးကျော်၊ ၄နာရီပါဒ်ပြည့်၊ ၅ ဗီဇနာ၊ ၂-ပြာဏ်၊ ၇ ခရာအချိန် မိဿရာသီလိဂ်၊ ဓနုရာသီဆန်း၊ တနင်္လာဟောရတ်၊ ကြာသပတေးတြင်း၊ ကြာသပတေးန၀င်း၊ ကြာသပတေးဒွါဒသင်း၊ သောကြာတိံသင်း၊ နက္ခတ် ၂ လုံး၊ ပါဒ်ပြည့်၊ ဃဋီပြည့်၊ ၁၀-၀ိဃဋီ၊ ၁-အနုဃဋီထက် လဂ်စီးလျက် ထိုနာရီ၏ ဣဋ္ဌဘ၀ါးသော်ကား ၁၅-ဘ၀ါး၊ ၁၂-လက်သစ်၊ ၂-မုယော ၂-နှမ်း ၂-ဆံခြည်တွင် ဗိသျှတိကရိုဏ်နှင့်ယှဉ်လျက် သီရိသူရိယသိဒ္ဓန္တ သံဒိဋ္ဌ ကြမတ္တ ဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာ၊ အတာနှစ်သစ် သက္ကရာဇ် ၁၃၇၀-ခုနှစ်ပြည့်သည်ဖြစ်၍ အတာတက်သည် အတာသင့်သော ကြာသပတေးသားသမီးတို့သည် အတာတက်သောအချိန်၌ ရတနာ ၇ ပါးဖြင့်ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာသိကြား၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့အား မိမိတို့ဆန္ဒရှိသော ၀တ္ထုပစ္စည်းတို့အား လှူဒါန်းပူဇော်ပသ၍ တိထိမြေခံအင်္ဂါ၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီးလျှင် အတာစားကုန်ရာသည်။

အတာစားခြင်း၏အကျိုးကား။ ။အတာပုည ကုသလကို ပြကြကုန်သော အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ” ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားဟောကြားတော်မူသည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့သည် ကောင်းကျိုးချမ်းသာမင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း နှစ်ကို နွားလား ဥသဘစောင့်၏ လ ကိုကျေးစောင့်၏။ ရက်ကို ဒက္ခရက်ဘီလူးစောင့်၏။ မြေကို ကုမ္ဘာဏ်ဘီလူးစောင့်၏။ ကောင်းကင်ကို ဗိဿနိုးစောင့်၏။ ရေကိုကြွက်စောင့်၏။ မိုးကို ကြက်စောင့်၏။ တောကို စင်ရော်ငှက်စောင့်၏။ လူတို့၏အဓိပတိကား မင်း၊ အခြေလေးခုတို့၏ အဓိပတိကား နွား၊ ငှက်တို့၏အဓိပတိကား ကျေး၊ သစ်ပင်တို့၏ အဓိပတိကား ထိန်၊ ၀ါးတို့၏အဓိပတိကား မြင်ဝါး။ မြက်တို့၏အဓိပတိကား နွားမြက်ရင်း။ နက္ခတ် ၃ လုံးငုပ်၏။ ၄ လုံးပေါ်၏။ မိုးအကြိမ် ၅၀ ရွာအံ့။ မိုးဦးနည်းအံ့။ တန်ခူးလဆန်း မိုးသံကြားအံ့။ နယုန်လမှာ ရွာအံ့။ မိုးလယ်ရောက်သော် မိုးထန်အံ့။ မိုးကြီးကျယ်စွာရွာအံ့။ ရေကြီးအံ့။ မုန်တိုင်းလာအံ့။ အခြေလေးခုရှိသော သတ္တ၀ါ၊ အတောင်ရှိသော ကျေးငှက်သတ္တ၀ါတို့သည် ဘေးကြီးစွာဖြစ်ကုန်၍သေကုန်အံ့။ ပြည်ရွာ မီးလောင်ဖန်များကိန်းရှိသော်လည်း ကြိုတင်ကာကွယ်မှုစနစ်များကောင်းမွန်ခြင်းကြောင့် အဖြစ်နည်းအံ့။ လူတို့အနာအဖျား များကုန်အံ့။ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ အလုံးကြီးအံ့။ ဥတ္တရ၊ ဧသံ၊ အဂ္ဂိအရပ်မှာရှိသော ပြည်ရွာတို့သည် သုဉ်းကုန်အံ့။ ရှားပါးငတ်မွတ်အံ့။ ထိုနှစ်ဖွားသော သားကား အဆင်းလှအံ့။ ပညာရှိအံ့။ ဟူးရားသမားတတ်အံ့။ ချမ်းသာရအံ့။ အသက် ၇၀ နေရအံ့။ ဤကား အတာစက္ခုအလိုတည်း။

မိုးလအခါ သီရိန္ဒြအမည်ရှိသောနတ်သားသည် အညို၊ အပြာ၊ အစိမ်း၊ အမောင်း၊ အမည်းအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာ၊ ရတနာ(၇)ပါးဖြင့်ပြီးသော ဘယက်တန်ဆာ နားဋောင်းမကိုဋ်သရဖူတို့ကို ၀တ်ဆင်ပြီးသော် အလျား ၂ ဥသဘရှိသည့် အရောင်တို့ဖြင့် ထွန်းလင်းတောက်ပသော သန်လျက်ကို လက်ယာလက်ဖြင့်ကိုင်လျက် လက်ဝဲလက်ဖြင့် မိုးရေကိုဆောင်၍ စကြ၀ဠာတိုက်အလုံးကိုနှံ့စေပြီး လူမျိုးအများ သားငါးတိရစ္ဆာန်တို့ကို သနားကြင်နာမေတ္တာထား၍ တစ်နှစ်တစ်ခါ ကမ္ဘာ့တန်ဆာဖြစ်သော မိုးတင်းများကို ကယ်တင်ထောက်ပံ့သည်ကား လူ့ပြည်၌ ၄ တင်း၊ သတ္တရဘန်၌ ၁ တင်း၊ ဟိမ၀န္တာ၌ ၁ တင်း၊ ကောင်းကင်၌ ၀ တင်း၊ သမုဒ္ဒရာ၌ ၅ တင်းဖြစ်ရာ လူ့ပြည်၊ သမုဒ္ဒရာတို့၌ မိုးတင်းများသောကြောင့် ၀ပြောသာယာအံ့။ မိုးကောင်းအံ့။ တိမ်တောင်နဂါးပွက်များအံ့။ နဂါးတို့မြူးတူးခြင်း လွန်ကုန်အံ့။ ငါးကြီးသားကြီးအသေများအံ့။

အပြည့်အစုံသို့

ကမ္ဘာ့စီးပွါးရေးကျဆင်းမှုပြဿနာရဲ့ အခြေခံအကြောင်းအရင်း

အမေရိကားမှာ 2008 ခုနှစ် စက်တင်ဘာက စတင်ခဲ့သော ကမ္ဘာ့စီးပွါးရေးကျဆင်းမှုပြဿနာဟာ တိုင်းပြည်အတော်များများရှိ စီးပွါးရေးပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ အောက်ခြေလူတန်းစားများ စသည့်အလွှာအမျိုးမျိုးရှိ လူ့အဖွဲ့အစည်းအသီးသီးတို့ကို ဒုက္ခပေးလျှက်ရှိသည်။ ကမ္ဘာ့စီးပွါးရေးနှင့်နိုင်ငံရေးခေါင်းဆောင်တို့သည် G-20 နှင့် Asian Summit ကဲ့သို့သော ထိပ်သည်းအစည်းအဝေးများတွင် စီးပွါးရေးကျဆင်းမှု ပြဿနာများနှင့်ပက်သက်၍ အခြေအတင် ဆွေးနွေးကြပြီး ပြဿနာဖြေရှင်းရေး ချဉ်းကပ်ရာတွင် မတူကွဲပြားသော အမြင်သဘောထားများ ထွက်ပေါ်လာကြသည်။ အမေရိကားလိုနိုင်ငံတချို့မှာ (Fiscal Policy) လို့ခေါ်တဲ့ အစိုးရသုံးငွေ မြှင့်တင်သွားရေးမူကို တင်ပြကြပြီး ဥရောပနိုင်ငံအတော်များများကတော့ (Monetary Policy) လို့ခေါ်တဲ့ ဘဏ္ဍာရေးပြန်လည်ထိန်းငြှိရေးမူဖြင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းသွားရန် လိုလားကြသည်။

ဘာကြောင့် ယခုလို ပြဿနာကို ချဉ်းကပ်ရာမှာ အမြင်တွေ ကွဲလွဲကြသလဲဆိုတာ ပြဿနာ ဖြစ်ပေါ်လာခဲ့ရတဲ့ အခြေခံအကြောင်းအရင်း Sources of Crisis အပေါ်မှာ အမြင်တွေ ကွဲပြားတာကြောင့် ဖြစ်ပါတယ်။ (The Great Depression) ၁၉၃၀ ကမ္ဘာ့စီးပွားရေးကပ်၊ (Oil Crisis) ၁၉၇၃ စီးပွါးရေးကျဆင်းမှုပြဿနာ၊ ၁၉၈၀-လက်တင်အမေရိကရဲ့ အကြွေးပြဿနာ၊ ၁၉၉၇ အာရှစီးပွါးရေးပြဿနာနှင့် ၂၀၀၈-မှစလာတဲ့ ယနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ မတူညီသောအချိန်အခါနှင့် အခြေအနေအပေါ် မူတည်ပြီးတော့မှ စီးပွါးရေးကျဆင်းရတဲ့ နောက်ခံအကြောင်းအရင်းတွေကလည်း ကွဲပြားကြပါတယ်။ ပြဿာနာကိုဖြေရှင်းရာမှာ ပြဿနာဖြစ်ရတဲ့ အရင်းအမျှစ်သိရန် လိုအပ်သည်။ စီးပွားရေးကျဆင်းမှုဟာ ဗဟိုဘဏ်မှ ငွေကြေးထိန်းငြှိမှုမူဝါဒ (Monetary Policy) ညံ့ဖျင်းမှားယွင်းမှုကြောင့် ဖြစ်နိုင်သလို (Bad Loan or Non-Performing-Loan) လို့ခေါ်တဲ့ ပြန်လည်မအပ်နိုင်သည့်ငွေကြွေးများလာခြင်း၊ အစိုးရငွေမှ ၀ယ်လိုအားကိုနှင့် ရောင်းလိုအားကွာဟမှုကို မထိန်းချုပ်နိုင်ခြင်း၊ ပြည်တွင်းအတိုးနှုန်းနှင့် နိုင်ငံတကာငွေကြေးဈေးကွက်မှ အတိုးနှုန်းကို နိုင်ငံတကာသွင်းကုန်ထုတ်ကုန်နှင့် သဟဇာတဖြစ်အောင် မချမှတ်နိုင်ခြင်း စတဲ့ အကြာင်းအမျိုးမျိုးတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ ၁၉၉၇-အာရှပြဿနာမှ ထိုင်းအတွေ့အကြုံနှင့် လက်တလောပြဿနာ စဖြစ်လာရတဲ့ အမေရိကရဲ့ အတွေ့အကြုံတချို့ကို ကျွနော်သိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုပါတယ်။

အာရှစီးပွါးရေးပြဿနာမှ ထိုင်းနိုင်ငံအတွေ့အကြုံ

အာရှစီးပွါးရေးကျဆင်းမှုပြဿနာဟာ ထိုင်းနိုင်ငံမှစတင်ခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ အထိနာခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ ဘဏ္ဍာရေးမူဝါဒ (Monetary Policy) ကို မှန်ကန်အောင် မချမှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၁၉၈၀ အနှောင်းပိုင်းမှ ၁၉၉၇ ကပ်ကာလမတိုင်မီကာအထိ အာရှကျားလို့တင်စားခံရတဲ့ မလေရှား၊ အင်ဒိုနီးရှား၊ စကာင်္ပူ၊ တောင်ကိုးရီးရားနှင့် ထိုင်းနိုင်ငံတို့အတွက် စီးပွါးရေးရွှေခေတ်ဟု ဆိုရလောက်အောင် ၄င်းတို့၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တိုးတတ်မှုနှုန်းဟာ ၈-ရာခိုင်နှုန်း မှ ၁၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ အရှေ့အာရှရဲ့ စီးပွါးရေးတိုးတတ်မှုဟာ အဓိကအားဖြင့် နိုင်ငံတကာမှ အရင်းအနှီးများဖြင့် ပြည်တွင်းထုတ်ကုန်တိုးမြှင့်ပြီး နိုင်ငံတကာသို့ထုတ်ကုန် တင်ပို့ခြင်းပေါ်တွင် မှီတည်သော စီးပွါးရေးစနစ်ဖြစ်သည်။

နောက်ခံစီးပွါးရေးအခြေအနေ

၁၉၈၅ နှင့် ၁၉၉၆ ကာလအကြားတလျှောက် ထိုင်းနိုင်ငံဟာ စုစုပေါင်းထုတ်ကုန်တိုးတတ်မှုနှုန်း (GDP Growth Rate) ပျမ်းမျှ ၉-ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အကြီးပေါ်မှာ စီးပွားရေးတို့တတ်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဒေသတွင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများဆုံးရှိသော နိုင်ငံဖြစ်သည်။ အဲဒီကာလတလျှောက်မှာ ထိုင်းဟာ နိုင်ငံတကာငွေကြေးဈေးကွက်မှာ ၄င်းရဲ့ငွေလဲနှုန်းကို အမေရိကန်တဒေါ်လာကို ၂၅-ဘတ်နဲ့ (Fixed) အသေသတ်မှတ်ထားပြီး ငွေကြေးဈေးကွက်ကိုတော့ ဖွင့်ထားပါတယ်။ အဲဒီလို ငွေကြေးမူဝါဒ ကျင့်သုံးခြင်းဟာ အန္တရာယ်များပြီး ဗဟိုဘဏ်မှ ထိရောက်သော ကွပ်ကဲမှု မရှိမဖြစ် လိုအပ်ပါတယ်။ တချိန်ထဲမှာဘဲ နိုင်ငံခြားအရင်းအနှီး ပိုမိုစီးဝင်အောင်ဆိုပြီး ထိုင်းဗဟိုဘဏ်ဟာ ပြည်တွင်းအတိုးနှုန်းကို အထိမြှင့်ထားပါတယ်။ ငွေကြေးတန်ဖိုးအသေသတ်မှတ်စနစ် (Fixed Exchange Rate System) ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် လုံခြုံမှုရှိစေပြီး အတိုးနှုန်းမြင့်မားခြင်းဖြင့် ၄င်းတို့အတွက် ပိုမိုအမြတ်ထွက်စေပါတယ်။ ဒီအခြေအနေနှစ်ခုဟာ ထိုင်းနိုင်ငံတွင်းသို့ ပြည်ပအရင်းအနှီးများ ပမာဏကြီးမားစွာ ၀င်လာခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တခုက ထိုင်းဟာ နိုင်ငံခြားငွေမှ ငွေချေးရာမှာ (Short Term) ၃-လ ဒါမှမဟုတ် ၆-လ စာချုပ်နဲ့ (Bong System) ချေးပြီး ပြည်တွင်းမှာ ရင်းနှီးရာမှာ (Long Term) ဆောက်လုပ်ရေးကဲ့သို့ ရေရှည်စီမံကိန်းမှာ ရင်းနှီးပါတယ်။ ဒီအခြေအနေဟာလဲ တော်တော် အန္တာရာယ်များပါတယ်။

စီးပွါးရေးပြဿနာစပြီး

ဒီလိုအနေအထားမှာ ထိုင်းဘတ်ဟာ တဒေါ်လာ ၂၅-ဘတ်နဲ့ တရားဝင် သတ်မှတ်ထားသော်လည်း တကယ့်ဘတ်ငွေ တန်ဖိုးဟာ ဒီလောက်တန်ဖိုးမရှိပါ။ ဒီအခြေအနေကို ဂျော့ဆောရော့လို နိုင်ငံခြားမြှုနှံသူတချို့က နားလည်ပြီး ထိုင်းဘတ်ကို တိုက်ခိုက်လာပါတယ်။ ထိုင်းအစိုးရလည်း ၄င်းရဲ့ငွေလဲနှုန်းကို ဈေးကွက်မှတန်ဖိုးသတ်မှတ်ခြင်း (Floating Exchange Rate System) စနစ်သို့ကျင့်သုံးရန် နိုင်ငံတကာဖိအားပေးမှု ခံလာရပါတယ်။ ၁၉၉၇ ဂျွန်-၃၀ မှာ ၀န်ကြီးချုပ် ချာဝလစ်မှာ ထိုင်းရဲ့ငွေကြေးကို (devalue) တန်ဖိုးမချနိုင်ကြောင်း ကြေငြာပါတယ်။ နိုင်ငံခြားရင်းနှီးသူများဟာ အခြေအနေစိုးရိမ်လာပြီး ၄င်းတို့ရဲ့ချေးငွေများပြန်ထုတ်ရာ နိုင်ငံခြားချေးငွေများကို နှစ်ရှည်ပရောဂျတ်များမှာ ရင်းနှီးထားတာကြောင့် ချေးငွေများကို ပြန်ဆပ်ရန် ပြဿနာနဲ့ကြုံလာရပါတယ်။ ဒီအချိန်မှာဘဲ ထိုင်းအစိုးရဟာ ၄င်းရဲ့ငွေကြေးကို မထိန်းနိုင်တဲ့အဆုံး ဖွင့်ချလိုက်တာနဲ့ ဘတ်ငွေဟာ ၂၅-ဘတ်တဒေါ်လာမှ ဒေါ်လာကို ၅၀-ဘတ်အထိ ထိုးကျသွားပါတယ်။ ဒေါ်လာချေးထားတဲ့ ထိုင်းကုမ္ပဏီကြီးများဟာ ချေးငွေကို နှစ်ဆပြန်ဆပ်ရတော့သည့် အခြေအနေနဲ့ကြုံရပြီး ထိုင်းဘဏ်များဟာလဲ ဒေ၀ါလီခံရတော့တယ်။ ရင်းနှီးမြှုပ်နှံမှု ရုတ်တရက် ရပ်သွားတာကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်ရပြီး အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာပါတယ်။ တဖက်မှာ ထိုင်းဘတ်တန်ဖိုးကျဆင်းသွားတာကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာပြီး အောက်ခြေလူတန်းစားများ စားဝတ်နေရေးပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ ဒါဟာထိုင်းနိုင်ငံရဲ့ အတွေ့အကြုံ အကျဉ်းဖြစ်ပါတယ်။
ဆက်လက်ရေးသားပါမည်။

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဝေဖန်ချက်လေးလဲ ပေးခဲ့ပါဦး။

အပြည့်အစုံသို့

အမေရိကန်မှ ဗမာပြည်သားမျာအား သင်တန်းပေးရန် ခေါ်ယူ

အမေရိကန်အစိုးရဌာနတခုမှာ ဗမာနိုင်ငံသားများအား သင်တန်းပေးမည့် Humphrey Fellowship 2010 ပရိုဂရမ်စိတ်ဝင်စားသူများဆက်ဖက်ပါ။

ဒီဝက်စာမျက်နှာမှာလည်းကြည့်လို့ရတယ်။ http://www.humphreyfellowship.org/

emial လိပ်စာကတော့ RangoonUSECA@state.gov

Humphrey Fellowship is a non-degree training program for mid-career professionals. It is sponsored annually by the US State Department since 1978. Myanmar citizens who are from the following professional fields are eligible to apply:
* Agricultural and Rural Development * Communications/ Journalism * Substance Abuse Education, Treatment, and Prevention * Economic Development/Finance and Banking * Educational Administration, Planning and Policy * HIV/AIDS Policy and Prevention * Human Resource Management * Law and Human Rights * Natural Resources/Environmental Policy/Climate Change * Public Health Policy and Management * Public Policy Analysis and Public Administration * Teaching of English as a Foreign Language * Technology Policy and Management * Trafficking in Persons, Policy and Prevention * Urban and Regional Planning

Application deadline
29 May 2009

အပြည့်အစုံသို့

Wednesday, April 1, 2009

နိုင်ငံတကာငွေကြေးစနစ်သစ်လော?

၂၆ ရက်နေ့ထုတ် အွန်လိုင်းအီကိုနောမစ်မဂ္ဂဇင်းမှာ The dollar as a reserve currency - Handle with care ဆိုတဲ့ သတင်းဆောင်းပါးတပုဒ် ဖက်ရပါတယ်။ အဲဒီဆောင်းပါးမှာ အဓိက ရေးသားဖေါ်ပြထားတာကတော့ နိုင်ငံအများစု လက်တလောရင်ဆိုင်နေရတဲ့ နိုင်ငံတကာစီးပွါးရေးကျဆင်းမှုပြဿနာနဲ့ နိုင်ငံတကာငွေကြေးစနစ်အကြောင်း ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာကို (Reserve Currency) လို့ခေါ်တဲ့ အာမခံငွေကြေး (နိုင်ငံတကာကုန်သွယ်ရေးနှင့် ပြန်တွင်းငွေကြေးဖြန့်ချီရာတွင် တန်ဖိုးအာမခံငွေကြေးအဖြစ် သိုလိုထားသောငွေ) အဖြစ် သတ်မှတ်အသုံးပြုပါတယ်။ အရင်ကဘာပြဿနာမှ မရှိခဲ့ပေမယ့် ယခုလို အမေရိကန်နိုင်ငံက စီးပွါးရေးကျဆင်းမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ အမေရိကန်ဒေါ်လာကို သိုလှောင်ထားတဲ့ တိုင်းပြည်များအနေနဲ့ စိုးရိမ်စရာများနှင့် ရင်ဆိုင်နေရပါတယ်။ အမေရိကန်ဟာ လက်တလောရင်ဆိုင်နေရတဲ့စီးပွါးပြဿနာ ဖြေရှင်းရေးအစီအစဉ်တရပ်အနေနဲ့ (Expensionary Monetary Policy) ဒေါ်လာပမာဏ မြှင့်တင်ရေး မူဝါဒကျင့်သုံးပါတယ်။ ယင်းစီးပွါးရေးမူဝါဒဟာ အမေရိကန်ပြည်တွင်း စီးပွါးရေးအတွက် ပြဿနာမရှိသော်လည်း အမေရိကန်ဒေါ်လာကို သိုလှောင်ထားသော တိုင်းပြည်အတွက်မူ ဒေါ်လာတန်ဖန်းကျဆင်းမှုအတွက် စိုးရိမ်စရာဖြစ်လာပါသည်။ ဒါကြောင့် နိုင်ငံတကာ ပို့ကုန်/သွင်းကုန်စာရင်း (Balance of Payment Acount) မှာ (Surplus) အ၀င်ပြတဲ့ တရုတ်လို တိုင်းပြည်တွေအနေနဲ့ ဒေါ်လာအစား တခြားငွေကြေးတမျိုးကို ပြောင်းလဲအသုံးပြုဖြင့် နိုင်ငံတကာငွေကြေးစနစ်ကို ပြောင်းလဲရန် အဆိုပြုလာကြသည်။ ၄င်းတို့အဆိုပြုတဲ့ နိုင်ငံတကာငွေကြေးစနစ်သစ်မှာ အသုံးပြုမည့် ငွေကြေးဟာ (Special Drawing Right - SDR) လို့ခေါ်တဲ့ ငွေကြေးဖြစ်ပါတယ်။ သို့ဖြစ်၍ SDR နှင့်တကွ နိုင်ငံတကာငွေကြေးစနစ် ပြောင်းလဲဖြစ်ပေါ်လာပုံ အကျင်းခြုံးကို ဤဆောင်းပါးမှာ ဆက်လက်တင်ပြပါမည်။

ကမ္ဘာ့ငွေကြေးစနစ်နောက်ခံသမိုင်း

ကမ္ဘာ့ငွေကြေးစနစ်ဆိုတာ နိုင်ငံတကာကုန်သွယ်ရေးမှာ တိုင်းပြည်တခုနှင့်တခုတို့အကြား ငွေကြေးတန်ဖိုး သတ်မှတ်ပြဌာန်းတဲ့ ကမ္ဘာ့ငွေကြေးရံပုံငွေ (IMF) တို့လို စီးပွားရေးအဆောက်အအုံ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ငွေကြေးတန်ဖိုးသတ်မှတ်ပြဌာန်းရာမှာ ယျေဘူယျအားဖြင့် ကမ္ဘာ့ငွေကြေးစနစ်ကို ရွေအာမခံစနစ် (Gold-Standard)၊ ဘရစ်တွန်ဝူ့စနစ်(Britton Woods System) နှင့် ဘရစ်တွန်ဝူ့အလွန်စနစ်(Post-Britton Woods System) ဆိုပြီး ၃ ပိုင်း ပိုင်းခြားသတ်မှတ်နိုင်သည်။

၁၉၇၀ ကာလခန့်မှာ နိုင်ငံကြီးများဟာ ၄င်းတို့အကြား ငွေကြေးလဲလှယ်ရာမှာ ငွေလဲနှုန်းကို ကုန်စည်တခုခု၏ တန်ဖိုးအပေါ် အခြေခံပြီး သတ်မှတ်သည်။ ဥပမာ - ဗမာပြည်တွင်းမှာ ပေါင်မုန့်တလုံးကို ၄၀ ကျပ်နှင့် ထိုင်းပြည်တွင်းမှာ ၈ ဘတ်ပေးပြီး ၀ယ်နိုင်လျှင် ထိုင်း-ဗမာငွေလဲနှုန်းမှာ ၄၀ကျပ်/၈ဘတ် (သို့) ၅ကျပ်/၁ဘတ် ဖြစ်ပါတယ်။ ဤစနစ်ဟာ ယနေ့လူသိများတဲ့ (Purchasing Power Parity - PPP) လို့ခေါ်တဲ့ ၀ယ်နိုင်မှုအားဖြစ် ငွေကြေးတန်ဖိုးသတ်မှတ်ခြင်း နှင့်ဆင်တူပါသည်။ ဒီလိုနဲ့နောက်ပိုင်းမှာ ရွှေကို အဓိကကုန်စည်အဖြစ် သတ်မှတ်လာကြပြီး ၁၉၇၀ မှ ၁၉၁၄ အကြားကာလကို ရွေပေါင်အာမခံစနစ် (Gold-Standard) အဖြစ်သတ်မှတ်သည်။ ဤစနစ်မှာ တိုင်ပြည်အများစုဟာ ၄င်းတို့၏ငွေကြေးနှုန်းထားကို ရွှေနှင့်တန်ဖိုးသတ်မှတ်သည်။ ဥပမာ- ဗမာပြည်မှာ ရွှေတကျပ်သားကို ၁၀ ၀၀၀ ကျပ်ဖြစ် နိုင်ငံတော်မှ ပြဌာန်းပြီး အမေရိကန်မှ ၂၀၀ ဒေါ်လာဖြင့် အသေ(fixed) သတ်မှတ်လျှင် နှစ်နိုင်ငံအကြာ ငွေလဲနှုန်းဟာ ၁၀၀၀၀ ကျပ်/၂၀၀ ဒေါ်လာ (သို့) ၅၀၀ကျပ်/၁ ဒေါ်လာဖြစ်သည်။ ဤစနစ်အောက်မှာ ငွေကြေးထုတ်လုပ်တဲ့ ပမာဏထိန်းနိုင်ရန် မိမိတို့ထုပ်မည့်ငွေကြေးပမာဏတန်ဖိုးအလိုက် ရွှေပေါင်ခြင်းဖြင့် သိုလှောင်ထားရပါသည်။ သို့မှသာ မိမိတို့ငွေကြေးကို နိုင်ငံတကာမှ စိတ်ချယုံကြည်နိုင်မည်ဖြစ်သည်။

၁၉၁၄ ပထမကမ္ဘာစစ်ကြီးစတင်တဲ့အချိန်မှ ဥရောပနိုင်ငံအတော်များများဟာ ရွှေအာမခံငွေလဲစနစ်ကို စွန့်ခွါကြပြီး စစ်ကြီးအတွင်းနှင့် စစ်ပွဲအလွန်ကာလများတွင် ငွေကြေးမတည်ငြိမ်သည့် ပြဿနာများ နိုင်ငံအတော်များများတွင် ရင်ဆိုင်ကြရသည်။ စစ်ကြီးပြီးနောက် ဂျာမနီမှစစ်လျှော်ကြေးပေးရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတကာပြဿနာဖြေရှင်းရေးဘဏ် (Bank for International Settlement) ကိုဖွဲ့စည်းခဲ့ကြသည်။ ဗာဆိုင်းစာချုပ်ချုပ်ဆိုအပြီး ၁၉၁၉ ကာလနောက်ပိုင်း ငွေကြေးမတည်ငြိမ်ခြင်း များကြောင့် ဥရောပနိုင်ငံများ ရွှေပေါင်အာမခံစနစ် ပြန်လည်အသုံးပြုလိုလာကြပြီး ဗြိတိန်နှင့် ပြင်သစ်တို့ဟာ ယင်းစနစ်ဟောင်းကို တရားဝင်ပြဌာန်းအသုံးပြုလာကြသည်။ သို့သော် ၁၉၃၀ စီးပွါးရေးကပ်(the Great Depression) နောက်ပိုင်းတွင် ရွှေပေါင်အာမခံစနစ်ကို အပြီးပိုင် စွန့်လွှတ်လိုက်ကြသည်။

ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုမှ ခေါင်းဆောင်များဟာ နိုင်ငံတကာကုန်သွယ်ရေး အထောက်အပံဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘရစ်တွန်ဝူ့( Britton Woods) လို့ခေါ်တဲ့ New Hampshere ရှိတည်းခိုခန်းတခုမှာ ကမ္ဘာ့ငွေကြေးစနစ်တခု ပြဌာန်းရန် ၁၉၄၄ မှာဆွေးနွေးကြသည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲသဘောတူညီချက်ကို ဘရစ်တွန်ဝူ့သဘောတူချက်ဟု ခေါ်လာကြသည်။ ဘရစ်တွန်ဝူ့သဘောတူချက်အရ နိုင်ငံအသီးသီးမှ ၄င်းတို့၏ ငွေကြေးတန်ဖိုးကို တခြားငွေကြေးတခုခုနှင့် (fixed) အသေတန်ဖိုးသတ်မှတ်ပြီး ငွေလဲလှယ်မှုနှုန်းကို ကျင့်သုံးသွားရန်ဖြစ်သည်။ ဘရစ်တွန်ဝူ့စနစ်အရ အမေရိကန်ဟာ သူရဲ့ဒေါ်လာကို ရွှေပေါင်တင်ထားမည်၊ တခြားနိုင်ငံများက ၄င်းတို့၏ငွေကို ဒေါ်လာဖြင့် (fixed) တန်ဖိုးသတ်မှတ်မည်၊ ဒါကြောင့် တခြားငွေကြေးများလည်း ရွှေနှင့် သွက်ဝိုက်ဆက်စပ်နေသည်ဟု ဆိုနိုင်ပေသည်။ ဒါ့ကြောင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်ကို အဓိကငွေကြေးတဖြစ် အသုံးပြုကြမည်ဖြစ်ပြီး တခြားနိုင်ငံတခုခုမှ ၄င်းရဲ့ငွေလဲနှုန်းကို ပြင်လိုပါက (IMF) ၏ဘောတူချက်ကို ရယူရမည်ဖြစ်သည်။

အမေရိကန်အနေဖြင့် နိုင်ငံတည်း ရွှေပေါင်ခံထားရမည့် ဘရစ်တွန်ဝူ့စနစ်ကျင့်သုံးရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရပါသည်။ ရွှေပမာဏ အကန့်အသတ်ကြောင့် ဒေါ်လာအများအပြား ကိုင်ဆောင်သော နိုင်ငံတခုခုမှာ ရွှေဖြင့်လဲရာတွင် အမေရိကန်အနေဖြင့် ရွှေပမာဏ အကန့်အသတ်ပြဿနာနှင့် မကြာခဏရင်ဆိုင်ရသည်။ ထို့ကြောင့် ၁၉၇၀ စီးပွါးကျဆင်းမှုပြဿနာနောက်ပိုင်းတိုင် အမေရိကန်က ဘရစ်တွန်ဝူ့စနစ်ကို အပြီးအပိုင် စွန့်လွှတ်ကြောင်း ကြေငြာလိုက်သည်။ ထို့အချိန်မှစပြီး ကမ္ဘာ့ငွေကြေးစနစ်မှာ (Floating Market System) ငွေလဲနှုန်းကို ဈေးကွက်မှတန်ဖိုးချမှတ်စနစ်ကို စတင်ကျင့်သုံးလာကြသည်။ ယင်းစနစ်မှာ နိုင်ငံတကာငွေလဲနှုန်းကို နိုင်ငံတကာငွေကြေဈေးကွက်မှ ၀ယ်လိုအားနှင့် ရောင်းလိုအားတို့အလိုက် ဈေးကွက်မှ အလိုအလျှောက် ပေါ်လာမည်ဖြစ်သည်။


မှတ်ချက်။ ။SDR နှင့်ပက်သက်၍ ဆက်လက်ဖေါ်ပြပါမည်။

အပြည့်အစုံသို့

Tuesday, March 31, 2009

အိုင်ဗရီကို့စ် နိုင်ငံ အာဗီဂျာ မြို့မှာ တနဂနွေနေ့က ၂၀၁၀ ခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် အိုင်ဗရီကို့စ်နှင့် မာလာဝီတို့ ကစားကြတဲ့ပွဲ ကြည့်ခွင့်ရရေးအတွက် ဘောလုံးကွင်းထဲကို တိုးပြီးဝင်တဲ့ပရိတ်သတ်များ တရောက်အပေါ်တယောက် တတ်နင်းမိကြရင်း ဘောလုံးဝါသနာရှင် ၁၉ ယောက် သေဆုံးပြီး ၁၃၂ ဦး ဒါဏ်ရာရခဲ့သည်။

အပြည့်အစုံသို့

Saturday, March 28, 2009

Rangsit တက္ကသိုလ်မှ မြန်မာကျောင်းသားများကို scholarships ပေး

ထိုင်းနိုင်ငံ Rangsit တက္ကသိုလ်မှ မြန်မာကျောင်းသားများကို Scholarhip မည့်အစီအစဉ်နှင်းပက်သက်ပြီး ရန်ကုန်မြို့တွင် Siminar ကျင်းပမည်ဟုသိရသည်။

အပြည့်အစုံသို့

Tuesday, March 24, 2009

ကမ္ဘာ့အဆိုးဆုံး အာဏာရှင် (၁၀) ယောက်စာရင်း

၂၄ ရက်နေ့ထုတ် အမေရိကန်နိုင်ငံပရေ့မဂ္ဂဇင်း (Parade ) တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ကမ္ဘာ့အဆိုးဆုံးအာဏာရှင် ၁၀ ဦးကို ဖေါ်ပြထားတာတွေ့ရပါပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နံပါတ် ၄ မှာရှိနေတာကိုတွေ့ရပါတယ်။ စိတ်ဝင်စားသူများ ကြည့်ရှုနိုင်ရန် ၄င်းတို့ကို ဓါတ်ပုံနှင့်တကွ အောက်မှာဖေါ်ပြပေးထားပါတယ်။


၁) ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ
၂) ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှား
၃) မြောက်ကိုးရီးယားသမ္မတ ကမ်ဂျွန်
၎) မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၅) ဆော်ဒီအာရေးဗီးယားဘုရင် အပ်ဒူလာ
၆) တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟူကျင်းတောင်
၇) အီရန်နိုင်ငံဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင် အာရိုတာလာ ကိုမင်နီ( Ayatollah Khomeini )
၈) အီရင့်ထရီယားသမ္မတ Isayas Afewerki
၉) တာ့မန်နစ်စတန်နိုင်ငံသမ္မတ Gurbanguly Berdimuhamedow
၁၀) လစ်ဗျားနိုင်ငံခေါင်းဆောင် မာမာအယ်ကာဒါဖီ



၁) ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ



၂) ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှား



၃) မြောက်ကိုးရီးယားသမ္မတ ကမ်ဂျွန်



၎) မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ



၅) ဆော်ဒီအာရေးဗီးယားဘုရင် အပ်ဒူလာ



၆) တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟူကျင်းတောင်



၇) အီရန်နိုင်ငံဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင် အာရိုတာလာ ကိုမင်နီ( Ayatollah Khomeini )



၈) အီရင့်ထရီယားသမ္မတ Isayas Afewerki



၉) တာ့မန်နစ်စတန်နိုင်ငံသမ္မတ Gurbanguly Berdimuhamedow



၁၀) လစ်ဗျားနိုင်ငံခေါင်းဆောင် မာမာအယ်ကာဒါဖီ

>

အပြည့်အစုံသို့

Monday, March 23, 2009

ဘင်ယမ်မိုဟာမတ်-အင်တာဗျူး


အယ်လ်ကေဒါအကြမ်းဖက်သမားဟု စွတ်ဆွဲခံထားရသူအသက် ၃၀ အရွယ်ရှိ ဘင်ယမ်မိုဟာမတ်ဟာ (Binyam Mohamed) ဟာ ကွန်တန်နာမိုကျွန်းအကျဉ်းစခန်းမှာ ၇ နှစ်နီးပါးအကြာ အကျဉ်းချ ခံခဲ့ရပြီးနောက်လွတ်မြောက်လာခဲ့သည်။ ကွန်တန်နာမိုအကျဉ်းစခန်းသို့ အပို့မခံရမီ ပါကစ်စတန်၊ မော်ရိုကိုနှင့် အာဖကန်နစ်စတန်တွင် အကျဉ်းချထိန်းသိမ်းခံရပြီး အမျိုးမျိုး အနှိပ်စက်ခံခဲ့ရသည်ဟု ၄င်းကဆိုပါတယ်။ သူ့အား စွတ်ဆွဲချက်များကို အမေရိကန်းအစိုးရမှ လွန်ခဲ့တဲ့နှစ်က ရုတ်သိမ်းလိုက် သဖြစ် ဘင်ယမ်မိုဟာမတ် ကွန်တန်နာမိုအကျဉ်းစခန်းမှ လွတ်မြောက်လာခြင်းဖြစ်သည်။ မိုဟာမတ်ဟာ အီတိုယိုးပီးယားမှာ မွေးဖွါးပြီး အဂလန်တွင် ဒုက္ခသည်အဖြစ် ပြောင်းရွေးနေထိုင်ခဲ့ပါတယ်။ ဘင်ယမ်မိုဟာမတ် အင်တာဗျူးပြီးနောက်ပိုင်းမှာ အမေရိကန် အပါအ၀င် နိုင်ငံအသီးသီးမှ ပြည်သူများဟာ စီအိုင်အေခေါ် အမေရိကန် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အား များစွာဒေါသထွက်ခဲ့ကြသည်။ ယင်အင်တာဗျူးအားထောင်လိုသူများအတွက် အင်တာဗျူးဖိုင်ကို အောက်တွင်ရနိုင်သည်။

အင်တာဗျူးဖိုင်ကိုဒီမှရယူနိုင်သည်။
မှတ်ချက်။ ။ဖိုင်ဒေါင်းလို့လုပ်တာ နည်းနည်းတော့ကြာတယ်။

အပြည့်အစုံသို့

Friday, March 20, 2009


Notes on Economics


Derivatives: Financial contract or instrument to protect financial risk.

Long position: Asset greater than liability
Short position: Asset less than liability

end
ပြန်ခေါက်ပေးပါ။

အပြည့်အစုံသို့

  © Free Blogger Templates 'Greenery' by Ourblogtemplates.com 2008

Back to TOP